တခါတလေတော့ တစ်ယောက်တည်းနေရတာ ကောင်းတဲ့ အချက်တွေ ရှိနိုင်ပေမဲ့ အမြဲတမ်း တစ်ယောက်တည်း နေတာမျိုးဆိုရင်တော့ ဆိုးကျိုးများစွာ ရှိနိုင်ပါတယ်။ တစ်ယောက်တည်းနီးပါး နေထိုင်ခြင်း၊ ပတ်ဝန်းကျင်နှင့် ဆက်စပ်မှု နည်းလွန်းခြင်းကို အထီးကျန်ခြင်းလို့ ခေါ်ဆိုလေ့ ရှိပါတယ်။ 

အထီးကျန်မှုသည် တခြားလူတွေနဲ မကြာခဏပေါင်းသင်း ဆက်ဆံမှုမရှိဘဲ၊ တစ်ကိုယ်တည်း နေတတ်သူတွေဟာ အရွယ်မတိုင်ခင်မှာ သေဆုံးနိုင်ခြေကို ၁၄ ရာခို်င်နှုန်း ပိုများစေတယ်လို့ သိပ္ပံပညာရှင်တွေရဲ့ လေ့လာမှုတွေ့ရှိချက်အရ သိခဲ့ရပါတယ်။ ဒီအချက်က သူတို ့ရဲ့ခန္ဓာကိုယ်ထဲမှာ သွေးဖြူဥဆဲလ်တွေ ပိုမို နည်းပါးနေလို့ ဖြစ်ပါတယ်။ အထီးကျန်ဆန်တဲ့လူတွေဟာ ကိုယ်ခံအားစနစ် ပိုမိုအားနည်းတာကြောင့်အရွယ်မတိုင်ခင်မှာ သေဆုံးနိုင်ခြေပိုများပါတယ်။

အထီးကျန်တဲ့လူတွေဟာ သာမန်လူတွေထက် သွေးဖြူဥဆဲလ်တွေ ပိုုမိုနည်းပါးနေတာကို တွေ ့ရှိခဲ့ရပြီး ကိုယ်ခံအားစနစ် ပိုုမိုအားနည်းနေတာကို ဆက်စပ် တွေ ့ရှိခဲ့ရတယ်လို ့ဆိုပါတယ်။ အထီးကျန်ဆန်တဲ့ အခြေအနေမှာ ဦးနှောက်ကနေ စိတ်ဖိစီးမှုဖြစ်စေတဲ့ အချက်ပြလှိုင်းတွေ ထုတ်ပေးပြီး ဒါက ခန္ဓာကိုယ်ကနေ သွေးဖြူဥ ထုတ်လုပ်ပေးမှုကို ထိခိုက်စေတယ်လို ့သိရပါတယ်။ 

ဒါ့အပြင် အထီးကျန်ခြင်းက ပတ်ဝန်းကျင်၊ မိသားစု နဲ့ အဆက်အသွယ် ပြတ်လပ်လွန်းတာကြောင့် သူများတွေထက်ပိုပြီး အတွေ့အကြုံ ဗဟုသုတ နည်းပါတယ်။ အကြံဉာဏ်ကောင်းရဖို့အတွက်လည်း တိုင်ပင်မှု မရှိတာကြောင့် ဆုံးဖြတ်ချက် အမှားတွေလည်း ကြံုရတတ်ပါတယ်။ လူမှုဆက်ဆံရေးအပိုင်းမှာလည်း တစ်နေ့ထက်တစ်နေ့ ပိုမို အားနည်းလာပြီး မိမိ၏ အခက်အခဲများကိုလည်း တိုင်ပင်ပြောပြလေ့ မရှိတာကြောင့် စိတ်ဖိစီးမှုလည်း များပြားစေပါတယ်။

ပျော်ရွှင်မှု၊ ၀မ်းနည်းမှုများကိုလည်း မျှဝေခံစားမှု မရှိတာကြောင့် စိတ်ပျော်ရွှင်မှု အလွန်နည်းပါးစေပါတယ်။ အထီးကျန်တဲ့သူတွေဟာ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးတွေမှပါ အခက်အခဲများစွာ ရှိနိုင်ပါတယ်။

ဒါ့ကြောင့် ဆိုးကျိုးများလှတဲ့ အထီးကျန်မှုကို စွန့်လွှတ်ပြီး လူမှုပတ်ဝန်းကျင်နဲ့ ချစ်ချစ်ခင်ခင် ပျော်ရွှင်စွာ နေထိုင်နိုင်ပြီး အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းလိုက်ကြရအောင်။  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။