ပင်ပန်းသည့် အခါဖြစ်စေ၊ ချွေးထွက်ချင်လို့ လေ့ကျင့်ခန်းလုပ်သည့်အခါတွင် ဖြစ်စေ ချွေးထွက်ခြင်းမှ ရရှိလာသော ကောင်းကျိုးများ ရှိပါသည်။ အများစုကတော့ ချွေးထွက်ခြင်းကို မနှစ်သက်ကြပါ။ အဝတ်အစားတွေမှာ ချွေးတွေစိုနေတာမျိုးဟာ နှစ်သက်စရာကောင်းတဲ့ အချက်တစ်ခု မဟုတ်လို့ပါဘဲ။ သို့သော် ဒီအချက်ကို လက်ခံပေမယ့် ချွေးထွက်ခြင်း၊ ချွေးပြန်တာတွေဟာ မကောင်းတဲ့အရာ တစ်ခုတော့ မဟုတ်ပါဘူး။ 

တစ်ချို့တွေဆို ချွေးမထွက်လွန်းတာကြောင့် ချွေးပေါင်းရတာမျိုး၊ ချွေးထုတ်ရတာမျိုးတွေတောင် ရှိပါတယ်။ ဒါဟာ ချွေးထွက်ခြင်းဖြင့် ရရှိနိုင်သော ကောင်းကျိုးများကို သိလို့ မဟုတ်ပါလား။ ချွေးထွက်ခြင်းဖြင့် ရရှိနိုင်သော ကောင်းကျိုးများကိုလည်း ဗဟုသုတ ရရှိစေရန်အတွက် အောက်ပါအတိုင််း ဖော်ပြလိုက်ပါတယ်။ 

(၁) ချွေးဂလင်းများက ထိခိုက်ဒဏ်ရာများကို ပျောက်ကင်းစေပါတယ်။

(၂) ခန္ဓာကိုယ် ဖွဲ့စည်းမှုစနစ်ထဲမှ အဆိပ်အတောက်များကို ဖယ်ထုတ်ပေးပါတယ်။

(၃) ချွေးထွက်ခြင်းက ပိုးသတ်ဆေးကဲ့သို့ အစွမ်းထက်ပါတယ်။

(၄) ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ချွေးထွက်ခြင်းက ခန္ဓာကိုယ် အဖွဲ့အစည်းကို ပိုမိုထိရောက်စွာ ဆေးကြောသန့်စင်စေပြီး ကျောက်ကပ်ကျောက်တည်ခြင်းမှ ထိန်းချုပ်ပေးပါတယ်။

(၅) ပုံမှန်ကိုယ်ကာယ လေ့ကျင့်ခန်းလုပ်ခြင်းက ချွေးဂလင်းကို ထုတ်ပေးပါတယ်။

(၆) ချွေးဂလင်းဟာ ကျွနု်ပ်တို့ခန္ဓာကိုယ်မှ ဓာတုပစ္စည်းများနဲ့ ခန္ဓာကိုယ်အတွင်းရှိ တခြား အန္တရာယ်ဖြစ်စေတဲ့ အညစ်အကြေးများအား ရှင်းလင်းဖယ်ရှားပေးသော နည်းလမ်းများထဲက တစ်ခုဖြစ်ပါတယ်။

(၇) ချွေးက အမည်းစက်ဖြစ်စေတဲ့ ဘက်တီးရီးယားတွေထဲ ကိန်းအောင်းနေတဲ့ အညစ်အကြေးများကို ဖယ်ရှားပေးပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။