လူစုံနီးပါးထုတ်သုံးပြီး ဘူလ်ဂေးရီးယားအသင်းနဲ့ ယှဥ်ပြိုင်ကစားခဲ့ပေမယ့် သရေရလဒ်သာ စွမ်းဆောင်နိုင်ခဲ့တဲ့ ယူရိုချန်ပီယံ အီတလီအသင်း

//s9.kh1.co/89/89d9289a8faba25f622c694fe6fbc53f51b7fedf.jpg
အားကစားသတင်းများ

 ၀၃-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

လူစုံနီးပါးထုတ်သုံးပြီး ဘူလ်ဂေးရီးယားအသင်းနဲ့ ယှဥ်ပြိုင်ကစားခဲ့ပေမယ့် သရေရလဒ်သာ စွမ်းဆောင်နိုင်ခဲ့တဲ့ ယူရိုချန်ပီယံ အီတလီအသင်း

စက်တင်ဘာလ(၃)ရက်နေ့ ယနေ့မနက်မှာတော့ ယူရိုချန်ပီယံဖြစ်တဲ့ အီတလီအသင်းနဲ့ ဘူလ်ဂေးရီးယားအသင်းတို့ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ရင်ဆိုင်ကစားခဲ့ကြပါတယ်။ အီတလီအသင်းမှာတော့ ယူရိုချန်ပီယံဖြစ်ခဲ့တုန်းက ကစားခဲ့တဲ့ အဓိကကစားသမားတွေ တော်တော်များများပါဝင်ခဲ့ပြီး (၃)နေရာလောက်သာ အပြောင်းအလဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ပထမပိုင်း ပွဲချိန်(၁၆)မိနစ်မှာ အီတလီအသင်းရဲ့ တောင်ပံတိုက်စစ်မှူးဖြစ်တဲ့ Chiesa က အဖွင့်ဂိုးသွင်းယူခဲ့တာ ဖြစ်ပြီး အီတလီတို့ ဦးဆောင်နိုင်ခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အီတလီအသင်းရဲ့ ဦးဆောင်မှုက မကြာရှည်ဘဲ ပွဲချိန် (၄၀)မိနစ်မှာ ဘူလ်ဂေးရီးယားအသင်းရဲ့ တိုက်စစ်မှူးဖြစ်တဲ့ Atanas lliev က ချေပဂိုးသွင်းယူခဲ့ပြီး ပထမပိုင်းပြီးဆုံး ချိန်မှာတော့ တစ်ဂိုး၊တစ်ဂိုးနဲ့ သရေကျနေခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ သွင်းဂိုးတွေကို မမြင်တွေ့ခဲ့ရတော့ဘဲ ပွဲပြီးဆုံးချိန်မှာတော့ သရေရလဒ်သာ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ အီတလီအသင်းကတော့ ဘူလ်ဂေးရီးယားအသင်းနဲ့ ပွဲမှာ ဘောလုံးပိုင်ဆိုင်မှု (၇၉)%အထိ ရှိခဲ့ပေမယ့် သရေရလဒ်သာ စွမ်းဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ယူရိုဖလားရရှိခဲ့တဲ့ အထိ စွမ်းဆောင်ရည်မြင့်မားခဲ့တဲ့ အီတလီအသင်းက ယခုလိုသရေရလဒ်သာ စွမ်းဆောင်နိုင်လို့ အီတလီပရိသတ်တွေက အနည်းငယ်စိတ်ပျက်လျက် ရှိနေကြပါတယ်။ ယူရိုချန်ပီယံအသင်းဖြစ်တဲ့ အီတလီအသင်းဟာ စက်တင်ဘာလ ( ၆)ရက်နေ့မှာ ဆွစ်စလန်အသင်းနဲ့ ယှဥ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ်။ အီတလီအသင်းဟာလည်း သရေနဲ့ ကျေနပ်ခဲ့ရသလို ပြိုင်ဘက်စပိန်အသင်းဟာလည်း ဆွီဒင်အသင်းကို နှစ်ဂိုး တစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T