လမ်းဘေးခွေးများရဲ့ ပြုစုပျိုးထောင်မှုနဲ့အတူ ကြီးပြင်းလာခဲ့ရတဲ့ ရုရှားနိုင်ငံက ကလေးငယ်

//s9.kh1.co/bc/bcafcf0568e8bf4d05991edfed4b02217025d528.jpg
ဗဟုသုတအဖြာဖြာ

 ၀၅-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ခွေးများရဲ့ ပြုစုပျိုးထောင်မှုန‌ဲ့ ကြီးပြင်းလာတဲ့ လူတစ်ယောက်ဟာ သူကလေးဘ၀တုန်းက လေလွင့်ခွေးတွေ သူ့ကိုဘယ်လို ကယ်တင်ခဲ့ကြောင်းကို ပြောပြခဲ့ပါတယ်။ Ivan Mishukov ဟာ သူ့အသက် ၅ နှစ်တုန်းက ခွေးတွေဆိကနေ ကယ်တင်ခံခဲ့ရပါတယ်။ အဲ့ဒီခွေးတွေဟာ သူရဲ့တစ်ခုတည်းသော မိသားစုဖြစ်ပြီး နှစ်နှစ်လောက် အတူတူနေခဲ့ကြပါတယ်။ မော်စကိုမြို့အနီး Reutov ရှိဒေသခံ မုန့်ဆိုင်တစ်ခုကုိ မနက်တိုင်း ခွေးများနှင့်အတူ သူဟာ လိုက်သွားလေ့ရှိပါတယ်။ သူ့ကိုအဲ့လိုတွေ့ရှိရတဲ့အခါမှာ တစ်ကမ္ဘာလုံး သူ့ရဲ့ဇာတ်လမ်းဟာ ပျံ့နှံ့ခဲ့ပါတယ်။

https://s9.kh1.co/__image/w=615,h=442,q=100/8b/8be76f80a1371d98fba0989336ef77ae540e0383.jpg
Ivan ကိုကယ်ထုတ်ခဲ့ပြီး သန့်ရှင်ပြီးနောက် တွေ့ရပုံ
Ivan ကိုကယ်ထုတ်ခဲ့ပြီး သန့်ရှင်ပြီးနောက် တွေ့ရပုံ

ယခုအချိန်မှာ Ivan လို့လည်းခေါ်ကြတဲ့ Vanya ဟာ သူ့အနေနဲ့ လေလွင့်ခွေးတွေအပေါ် အကြွေးတင်နေကြောင်း ပြောပြခဲ့ပါတယ်။ ပုံမှန်အားဖြင့်တော့သူဟာ သူ့ရဲ့အတိတ်ဇာတ်ကြောင်းကို ပြောပြ‌ေလ့မရှိပါဘူး။ ခုချိန်မှာလည်း သူဟာ စက်ရုံတစ်ရုံမှာ အလုပ်လုပ်ကာ ကိုယ်ပိုင်ဘ၀နဲ့ အေးချမ်းစွာ နေထိုင်နေပြီဖြစ်ပါတယ်။ " တကယ်လို့ခွေးတွေကြောင့်သာမဟုတ်ရင် ကျွန်တော်လမ်းပေါ်မှာ အသက်ရှင်နိုင်မှာမဟုတ်ပါဘူး ဒါပေမယ့် ကျွန်တော့်ကိုတွေ့ရှိပြီး ကယ်တင်ပေးခဲ့တဲ့ ရဲကိုလည်း ကျေးဇူးတင်သလို ကျွန်တော့်ကို ပြုစုပြိုထောင်ပေးခဲ့တဲ့ မွေးစားမိခင်ကိုလည်း ကျေးဇူးတင်ပါတယ် " ဆိုပြီး ပြောခဲ့ပါတယ်။

https://s9.kh1.co/__image/w=615,h=834,q=100/b7/b7a6716e93158c70a7dc1050bb5a1ef771b06245.jpg
မိဘမဲ့ဂေဟာ၌ ပျော်နေပုံ
မိဘမဲ့ဂေဟာ၌ ပျော်နေပုံ

Ivan ဟာ အရက်သမားအဖိုးနဲ့အတူ နေထိုင်ခဲ့ရတာဖြစ်ပြီး နောက်မကြာခင်မှာ သူ့ကို အဖိုးဖြစ်သူကိုယ်တိုင်ပဲ လမ်းပေါ်စွန့်ပစ်ခဲ့ပါတယ်။ အဲ့နောက်ကလေးလေးကလည်း လမ်းဘေးခွေးတွေနဲ့ပဲ အတူတူနေခဲ့ရပါတယ်။ ရဲများက သူ့ကိုခွေးတွေဆိကနေ ကယ်ထုတ်ဖို့ ၃ ကြိမ်ကြိုးစားခဲ့ကြရပါတယ်။ ခွေးတွေက‌လည်း သူတို့ကလေးတွေအနားကို လူတွေအကပ်မခံကြတာ သဘာ၀ပါပဲ။ " ကျွန်တော်ခွေးတွေကို ချစ်သလို သူတို့ကလည်း ကျွန်တော်ကို ချစ်ကြတယ် " လို့ သူဟာ ပြောခဲ့ပါတယ်။ ခွေးတွေရဲ့နာမည်ကတော့ Jesse, Goga, Masha နဲ့ Seva တို့ပဲဖြစ်ကာ သူတို့ရှာဖွေရသမျှအစာကို သူနဲ့ခွဲဝေစားသောက်ရင်း အချိန်တွေဖြတ်သန်းခဲ့ကြပါတယ်။ " သူတို့က ကျွန်တော့်ကိုအေးချမ်းတဲ့ညတွေမှာ နွေးထွေးအောင် လုပ်ပေးကြတယ်၊ ကျွန်တော်ရဲ့မျက်နှာကိုလည်း လျှာနဲ့လျက်ပေးပြီး ကျွန်တော်ကို အနမ်းပေးကြပါတယ် " လို့ကလေးဘ၀က အဖြစ်အပျက်တွေကို သူဟာ မျက်ရည်ဝဲရင်း ပြောပြခဲ့ပါတယ်။

Navy တွင် ဗိုလ်လောင်း ဖြစ်ခဲ့စဉ်
Navy တွင် ဗိုလ်လောင်း ဖြစ်ခဲ့စဉ်
ယနေ့ချိန်ပုံ
ယနေ့ချိန်ပုံ

သတင်း အရင်းအမြစ်Mirror

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T