Myanmar Idol သီချင်းဆိုပြိုင်ပွဲကစပြီး လူသိများထင်ရှားလာတဲ့ အစီအစဉ်တင်ဆက်သူ ကျော်ထက်အောင် ဟာ တစ်နိုင်ငံလုံးကပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကိုပါရရှိထားသူဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲကို အသက်ဝင်အောင် ကိုယ်ပိုင်ဟန်နဲ့ ပြောဆိုတင်ဆက်နိုင်တဲ့ သူ့ရဲ့ အရည်အချင်းကြောင့် နာမည်ကြီးအနုပညာရှင်တွေတောင် ပြောစမှတ်ပြုရသူဖြစ်ပါတယ်။

' မြန်မာပြည်ကြီး Goodnight ပါဆိုပြီး ရေပန်းစားခဲ့သူ ကျော်ထက်အောင်ဟာ MC အလုပ်အပြင် မော်ဒယ်သင်တန်းတက်ရောက်ဖူးသူဖြစ်ပြီး သူငယ်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးအပါအဝင် ကြော်ငြာတွေလည်း လက်ခံရိုက်ကူးနေရတာပါ။

လက်တလောမှာတော့ ကျော်ထက်အောင်ဟာ MC အလုပ်နဲ့ပတ်သက်ပြီး သူ့ရဲ့ ခံယူချက်ကို အခုလို Myanmar People Magazine ကို ပြောပြခဲ့တယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ဆိုရင်လည်း မင်းသားဖြစ်ချင်လို့ MC လုပ်ခဲ့တာ မဟုတ်ပါဘူး။ နောက်ပိုင်းမှာလည်း MC တွေအတွက်ကို MC Host တစ်ယောက်အနေနဲ့ သင်တန်းတွေပေးပြီးတော့ ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေကို Subject အဖြစ်ပြောင်းပြီးတော့ သင်ကြားပေးသွားမှာပါ။”လို့ ကျော်ထက်အောင်က ပြောပါတယ်။

MC ဖြစ်ချင်တဲ့ လူငယ်တွေအတွက်ကိုလည်း ကျော်ထက်အောင်က “မူရင်းအသံနေအသံထားက ဒီလောက်ကောင်းစရာမလိုဘူး။ မူရင်းကိုယ်ရဲ့ ကိုယ်ပိုင်ဟန် ကိုယ်ပိုင်ရှိတဲ့အသံနဲ့ပဲ ကိုယ့်ဘာကိုယ်ပြောတတ်အောင် သဒ္ဒါအထားအသိုမှန်အောင် ရှေ့နောက်ကိုက်ညီအောင် ကိုယ့်ရဲ့ ကိုယ်ပိုင် အာဘော်လေးတွေရှိလာအောင် ကြိုးစားယူရမှာပါ။ ကြိုးစားယူရမယ်ဆိုရင် Observation ကောင်းရမယ်။ 

လူတစ်ယောက်ကို ကြည့်ရင် Observe လုပ်နိုင်ရမယ်။ အရာဝတ္ထု တစ်ခုခုကိုကြည့် အခြေအနေတစ်ရပ်ရပ်ကို ကြည့်ရင် Observe လုပ်နိုင်ရမယ်ပေါ့။ ဒီအကြောင်းအရာတွေအတွက် လေ့လာစရာတွေကတော့ အများကြီးပါ။ ဒါမှသာလျှင်လည်း MC ကောင်းတစ်ယောက်ဖြစ်လာမှာပါ။ နောက်ပြီး ကိုယ်ဘာဖြစ်ချင်လဲဆိုတာ Focus ပြတ်ဖို့တော့ လိုပါတယ်။”လို့ ပြောပါတယ်

သတင်းအရင်းမြစ် Myanmar people mag

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။