Guinness World Records ရဲ့ ကမ္ဘာ့အသက်အကြီးဆုံး အဘိုးအိုဖြစ်သူ Don Millo ကွယ်လွန်

//s9.kh1.co/64/64a4b339363de74844c7c4a7fcab779424a6239f.jpg
ဗဟုသုတအဖြာဖြာ

 ၀၅-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ကမ္ဘာ့အသက်အကြီးဆုံး အဘိုးအိုဟာ ခုချိန်မှာတော့ သေဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ Don Emilio Flores Márquez (သို့) Don Millo လို့လူသိများပြီး သူဟာ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့မှာပဲ သေဆုံးခဲ့တာဖြစ်ပါတယ်။ သူရဲ့ ၁၁၃ နှစ်မြောက် မွေးနေ့အပြီး ၄ရက်အကြာမှာပဲ သေဆုံးခဲ့ပါတယ်။ သူဟာမသေခင်ချိန်ထိ ခုလို သူ့အသက်ရှည်ရတာဟာ " သနားကြင်နာတက်တဲ့ ဘ၀‌ " ကြောင့်လို့ သတ်မှတ်ခဲ့ပါတယ်။ " အဖေက င့ါကို ချစ်ခြင်းမေတ္တာတွေနဲ့ ပျိုးထောင်ပေးခဲ့တာဖြစ်ပြီး လူတိုင်းကိုလည်း ချစ်ဖို့ သင်ကြားပေးခဲ့တယ် " လို့ Don Millo ဟာ Guinness World Records ကိုပြောဖူးပါတယ်။

https://s9.kh1.co/__image/w=650,h=367,q=100/ed/ed86a050b3a9feeb4db1e945019cfad0639834f8.jpg
https://s9.kh1.co/__image/w=650,h=428,q=100/cd/cdc2e5030cad7cbdcfe88cfc21a66c2c1aa10e23.jpg

" သူက ငါနဲ့ ငါတို့ညီအစ်ကိုတွေကို ကောင်းတာလုပ်ဖို့နဲ့ အမြဲတမ်း သူများတွေကို အရာအားလုံး ပြန်မျှဝေဖို ပြောလေ့ရှိပါတယ် " ဆိုပြီး ပြောခဲ့ပါသေးတယ်။ ဩဂုတ်လ ၈ ရက် ၁၉၀၈ ခုနှစ် တွင် Puerto Rico, Carolina မှာမွေးဖွားခဲ့ပြီး Márquez ဟာ Alberto Flores Melendez နှင့် Margarita Márquez-Garcia မှ မွေးဖွားတဲ့ကလေး ၁၁ ယောက်တွင် ဒုတိယမြောက်အသက်အကြီးဆုံးဖြစ်ပါတယ်။ သူရဲ့မှတ်တမ်းကို ၂၀၂၁ ခုနှစ်ဇွန်လ ၃၀ ရက်နေ့တွင်အတည်ပြုခဲ့ ပြီး အဲ့တုန်းက သူဟာ ၁၁၂ နှစ်နှင့် ၃၂၆ ရက်ရှိပါပြီ။

https://s9.kh1.co/__image/w=337,h=450,q=100/57/57e9aeaa51c72bf03d5a0cd17cc8b2fd2b57ca45.png

လက်ရှိချိန်မှာတော့ ကမ္ဘာ့အသက်အကြီးဆုံး ( ယောက်ျား ) ဆိုတဲ့ ဂုဏ်ပုဒ်ကို သုတေသီတွေက ထိုက်တန်တဲ့သူကို လိုက်ရှာနေကြပါတယ်။ အသက်ရှင်ခဲ့သမျှမှာ အသက်အကြီးဆုံးပုဂ္ဂိုလ်ကတော့ Jeanne Calment (ပြင်သစ်) ဖြစ်ပြီး သူဟာ ၁၂၂ နှစ်နှင့် ၁၆၄ ရက်နေထိုင်ခဲ့ပါတယ်။ အသက်အကြီးဆုံးယောက်ျားကတော့ Jiroemon Kimura (ဂျပန်) ဖြစ်ပြီး ၁၈၉၇ ခုနှစ်ဧပြီလ ၁၉ ရက်နေ့တွင်မွေးဖွားခဲ့ပြီး ၂၀၁၃ ခုနှစ်ဇွန်လ ၁၂ ရက်နေ့မှာ ၁၁၆ နှစ်နှင့် ၅၄ ရက်မှာ ကွယ်လွန်ခဲ့ပါတယ်။

The oldest person ever to have lived is Jeanne Calment (France)
The oldest person ever to have lived is Jeanne Calment (France)
The oldest man ever is Jiroemon Kimura (Japan)
The oldest man ever is Jiroemon Kimura (Japan)

သတင်း အရင်းအမြစ်Guinness World Records

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T