ဦးဇော်ဇော်ရဲ့မျှော်လင့်ခြင်းမိုးတိမ်များ

ဦးဇော်ဇော်ဟာအခုမလေးရှားဆီးဂိမ်းပြိုင်ပွဲဝင်မယ့်အောင်သူ

တို့တစ်သိုက်ကိုအလွန်မျှော်လင့်ချက်ထားပါတယ်။

အောင်သူတို့ခေတ်တွင် ပထမဆုံးကမ္ဘာ့ဖလားဝင်ခွင့်ရခဲ့ပါတယ်။

ယခုဦးဇော်ဇော်ထပ်မံ၍မျှော်လင့်နေသည်က

မြန်မာပြည်သူတစ်ရပ်လုံးအတွက်

ပထမဆုံးဆီးဂိမ်းရယူရေးပင်။

တစ်နည်းဆိုရသော် ဦးဇော်ဇော်ရဲ့မျှော်လင့်ခြင်းမိုးတိမ်များ။

"ဆီးဂိမ်းပြိုင်ပွဲဝင်မယ့်မြန်မာယူ22အသင်းဟာ

ငယ်စဉ်ကတည်းကအကယ်ဒမီတွေကမွေးထုတ်ပေးလိုက်ပြီး

ဆယ်စုနှစ်တစ်စုနီးပါးအတူကစားလာကြတာပါ။ဖီဖာ ယူ 20

အသင်း၊ဆီးဂိမ်းငွေရအသင်းတို့ကကစားသမားတွေပေါင်းစပ်ထားတာမို့လာမယ့်ဆီးဂိမ်းမှာ ရလဒ်ကောင်းဖို့မျှော်လင့်ပါတယ်"လို့

ဦးဇော်ဇော်ကသူ့ရဲ့မျှော်လင့်ချက်ကို

အားပါးတရပြောပြပါတယ်။မလေးရှားဆီးဂိမ်းမှာဦးဇော်ဇော်ရဲ့မျှော်လင့်ခြင်းမိုးတိမ်များ

ရွှေမိုးရွာတော့မှာလား

Source MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။