"အရင်က ဒရာမာကားတွေရိုက်တာများတယ်။အခုနောက်ပိုင်းကတော့ ဟာသကားနဲ့ဒရာမာ မျှပြီးရိုက်ဖြစ်နေပါတယ်။ရိုက်ချင်တဲ့ ဇာတ်ရုပ်တွေကတော့အများကြီးပဲ။ညီမတို့ ဒီဘက်နောက်ပိုင်းကျတော့ ဗီဒီယို သိပ်မရိုက်ကြတော့ဘူးလေ။ရုပ်ရှင်ကားကြီးတွေပဲ၊ ညီမတို့ အငယ်တွေလည်း ရုပ်ရှင်ကားကြီးပဲ ရိုက်ခွင့်ရနေတယ်ပေါ့နော်။၁၀ကားလောက်ရှိပြီ။ရုပ်ရှင်ကားကြီး ဒီနှစ်ထဲမှာရိုက်ကူးထားတာ အကယ်ဒမီဆုကိုတော့မမှန်းသေးပါဘူး။အများကြီးလိုပါသေးတယ်။အကယ်ဒမီဆုနဲ့ မတန်သေးဘူးလို့ ကိုယ့်ကိုကိုယ်ထင်ပါတယ်။ကိုယ်သရုပ်ဆောင်ခွင့်ရတဲ့ ကာရိုက်တာတိုင်းကို ပရိသတ်ရှေ့မှာ ပီပြင်အောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကြိုးစားသွားပါ့မယ့်။ 

အခုလောလောဆယ် ဂန္ထာဝင်အငြိုးဆိုတဲ့ ရုပ်ရှင်ကားကြီးရိုက်နေပါတယ်။ထုတ်လုပ်ရေးက အောင်မြင့်မြတ်၊၀တ္တုကတော့ ဆရာမ လွန်းထားထား။ဦးမင်းဦး၊ကျော်ထက်အောင်၊အစ်မမြတ်ကေသီအောင်၊အခြားအနုပညာသရုပ်ဆောင်တွေ အများကြီးပါ ပါတယ်။ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ကတော့ မရှိသေးပါဘူး။ဒါမျိုးက အရည်အချင်း ရှိမှဖြစ်မှာပါ။ကိုယ့်စီနီယာတွေ၊ကိုယ့်အမတွေ ကတော်လို့လုပ်နိုင်တာပါ။ကိုယ့်ကိုကိုယ် ယုံကြည်ချက်မရှိသေးဘူး။မလုပ်ဖြစ်လောက်ဘူးစီးပွားရေးတော့။ရုပ်ရှင်တွေ ဗီဒီယိုတွေပဲရိုက်ဖြစ်တယ်။လောလောဆယ်တော့ ကြော်ငြာတွေ အနုပညာနဲ့ပတ်သက်တာ သရုပ်ဆောင်နဲ့ပတ်သက်တဲ့ အလုပ်တွေပဲ လုပ်ဖြစ်ပါတယ် ။အဆိုတော်အပိုင်းကတော့ မလုပ်ဖြစ်သေးပါဘူး"ဟု ပိုင်ဖြိုးသုက ပြောပါတယ်။

သတင်းအရင်းမြစ် Myanmar Times Daily

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။