UEFA Super ဖလားလုပွဲအဖြစ် ချန်ပီယံလိဂ်ချန်ပီယံ ရီးရဲမက်ဒရစ် နှင့် ယူရိုပါလိဂ်ချန်ပီယံမန်ချက်စတာယူနို်င်တက်တိုကစားခဲ့ရာ ရီးရဲမက်ဒရစ်က ၂-၁ဂိုးရလဒ်ဖြင့် အနိုင်ရခဲ့ပါတယ်။

မန်ချက်စတာယူနိုင်တက်အသင်းနည်းပြ မော်ရင်ဟိုက ၂-၁ဂိုးရလဒ်ဖြင့်သာရှုံးခဲ့သောကြောင့် ရလဓ်မှာကျဉ်းမြောင်းခဲ့ပြီး ရီးရဲမက်ဒရစ်၏ ပထမဦးဆောင်ဂိုးမှာ လူကျွံဘောအနေအထားတွင်ရှိနေကာ ဗီဒီယိုစနစ်ဖြင့် ဆုံးဖြတ်ပါက ၁-၁ဂိုးရလဒ်သာ ရမည်ဟုပြောခဲ့ပါတယ်။ 

ထို့ပြင် မော်ရင်ဟိုက မန်ချက်စတာယူနိုင်တက် ကစားသမားတွေကို ချီးကျူးခဲ့ပြီး မိမိတို့၏အသင်းသားများမှာအံ့ဖွယ်စိတ်ဓာတ်ပြခဲ့ပြီး အနိုင်မခံအရှုံးမပေးကြကာ ဥပမာအနေနှင့် ဖယ်လိုင်နီကို အဓီက ချီးကျူးသွားခဲ့ပါတယ်။

Hein

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။