သွားရောက် လည်ပတ်ခွင့်မရှိဘဲ သက်ဆိုင်ရာအစိုးရရဲ့ ပိတ်ပင်ခြင်းကိုခံထားရတဲ့ ကမ္ဘာအရပ်ရပ်က ကန့်သတ်နယ်မြေများ

//s9.kh1.co/4c/4c649da1eda64804a192c81e883bff54709c616f.jpg
ဗဟုသုတအဖြာဖြာ

 ၀၆-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီတစ်ခါမှာတော့ စိတ်ဝင်စားစရာတွေ ရှိနေပေမယ့် သက်ဆိုင်ရာအစိုးရရဲ့ လျှို့ဝှက်ချက်တွေကြောင့်နဲ့ အန္တရာယ်ရှိတက်လို့ စတဲ့ အကြောင်းပြချက်တွေကြောင့် သွားလည်ဖို့ ပိတ်ပင်ထားတဲ့ ကမ္ဘာအရပ်ရပ်က ကန့်သတ်နယ်မြေတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) မြွေကျွန်း ( Brazil )

ဘရာဇီးနိုင်ငံမှာ ရှိတဲ့ “ Ilha da Queimada Grande ” ဆိုတဲ့ ကျွန်းကို အများစုကတော့ မြွေကျွန်းလို့ သိကြပါတယ်။ ဒီကျွန်းဟာ ဧက ၁၁၀ သာ ကျယ်ဝန်းပေမယ့် အဆိပ်ပြင်းတဲ့ မြွေမျိုးစိတ်ပေါင်း ၄၀၀၀ ကျော် နေထိုင်ပါတယ်။ ဒီကျွန်းကမြွေတွေဟာ အဆိပ်ပြင်းလွန်းလို့ ကျွန်းပေါ်ခြေချပြီး တစ်နာရီအတွင်း သင့်အသက်ကို ဆုံးရှုံးနိုင်တယ်လို့ အစိုးရက အမိန့်ထုတ်ထားပါတယ်။ ဒီကျွန်းမှာ မြွေသာရှိပြီး အခြား နို့တိုက် သတ္တဝါ တစ်ကောင် တစ်လေတောင် မရှိဘူးလို့ လည်း သိရပါတယ်။

https://s9.kh1.co/__image/w=650,h=379,q=100/25/2539a08d00c848229361539c585f87ca04d92e14.jpg
https://s9.kh1.co/__image/w=650,h=366,q=100/9e/9e8e6305ec3862ee50db6713ec086def769a44d6.jpg

(၂) Heard Island (Australia)

Heard Island နဲ့ McDonald Island ကို HIMI လို့ အတိုကောက် ခေါ်ကြပါတယ်။ ဒီကျွန်းစုဟာ အိန္ဒိယသမုဒ္ဒရာ ကျွန်းစု စာရင်းမှာ ပါဝင်တဲ့ ကမ္ဘာ့အပယ်ခံ ကျွန်းစု ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေကတော့ ဒီကျွန်းစုကို တောရိုင်းတိရစ္ဆာန်လေ့လာဖို့ ခရီးထွက်လေ့ ရှိကြပါတယ်။ ဒီကျွန်းစုရဲ့ ရာသီဥတုကတော့ ကြမ်းတမ်းပါတယ်။ အလွန်အမင်း အေးခြင်း၊ မိုးကြီးခြင်းနဲ့ လေကြမ်းခြင်းတို့ကြောင့် သွားရောက် လည်ပတ်ခွင့် ပိတ်ပင်ထားတဲ့ ကျွန်းလည်း ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/d0/d04a053a404db28196e4040b53ef96fb48c41266.jpg
https://s9.kh1.co/__image/w=650,h=431,q=100/f4/f4dc74361f8201e5d3d1408b5ccc9a8ecde15b5b.jpg

(၃) Lascaux Caves

ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ရှိတဲ့ ဒီဂူကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၇၀၀၀ လောက်က နံရံဆေးရေးတွေရှိတဲ့ဂူ ဖြစ်ပါတယ်။ ဒီဂူကို ၁၉၄၀ ခုနှစ်လောက်က တွေ့ရှိခဲ့ပြီး ယခုအချိန်မှာတော့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ UNESCO က ထိန်းသိမ်းထားပါတယ်။ ဒီဂူမှာ ရှိတဲ့ နံရံဆေးရေးတွေဟာ အရမ်းစောလွန်းတာကြောင့် တဖြေးဖြေး မှုန်ဝါးပြီး မှိုတက်စ ပြုနေပါပြီ။ ဒါကြောင့် လာရောက်လည်ပတ်သူတွေကို ဂူထဲ မဝင်ဖို့ ကန့်သတ်ထားပြီး အဲဒီ ဂူအနီးက ဂူတစ်ခုမှာ ပုံတူတွေကို ပြသထားပေးပါတယ်။

https://s9.kh1.co/__image/w=500,h=368,q=100/ec/ec04da70501ae4b359e40c700461155adf8335dd.jpg
https://s9.kh1.co/__image/w=650,h=341,q=100/ee/eeea5627be25281a6269a24dff6bed5854faa062.jpg

(၄) North Sentinel Island

ဒီကျွန်းကတော့ ထူးဆန်းမှုတွေနဲ့ ပြည့်နှက်နေတဲ့ ကျွန်းဖြစ်ပါတယ်။ ဒီကျွန်းမှာ နေထိုင်သူတွေဟာ ပြင်ပလောကနဲ့ အဆက်အသွယ်ဖြတ်ပြီး သီးသန့်နေထိုင်ကြပါတယ်။၂၀၀၆ ခုနှစ်လောက်မှာ ငါးဖမ်းသမားနှစ်ဦးဟာ ဒီကျွန်းကို အခွင့်မရှိဘဲ ချဉ်းကပ်ခဲ့တာကြောင့် အသတ်ခံခဲ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/c3/c3805ae704fff3780cba54fd0ff15d7660d90949.jpg
https://s9.kh1.co/__image/w=650,h=366,q=100/f5/f55c4c858e1f48a0841f309a41687a6f084a2e5b.jpg

(၅) Area 51

ဒီနေရာကိုတော့ သင်ကြားဖူးနေကျ ဖြစ်လောက်ပါတယ်။ ဂြိုလ်သားတွေ လာရောက် ဆင်းသက်မှု ရှိတာကို အမေရိကန်အစိုးရက သတင်းအမှောင် ချထားတဲ့ နေရာလို့ ကောလာဟလတွေ ထွက်ရှိထားတဲ့ နေရာလည်း ဖြစ်ပါတယ်။ အမေရိကန်အစိုးရကတော့ ၂၀၁၃ ခုနှစ်အထိ ဒီ Area 51 ရှိတာကို ဝန်ခံခြင်း မရှိခဲ့ပါဘူး။ ဒီနေရာကို ဂြိုလ်တုတွေက ဖမ်းယူကြည့်ရှုရင်လည်း မမြင်ရအောင် အမေရိကန်အစိုးရက ပိတ်ပင်ထားပါတယ်။ အစိုးရဟာ Area 51 ရဲ့ အနားကို ကားတောင် ပတ်ပြီး မမောင်းဖို့ အမိန့်ထုတ်ထားပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/97/974adbfd1814b0b557f041b309eb2c40f637c520.jpg
https://s9.kh1.co/__image/w=650,h=434,q=100/2e/2e13ff33cd81a9f73c457e0cd94db1ddb66421d3.jpg

သတင်း အရင်းအမြစ်Cracked

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T