ဒီလို ကာလမှာ မကျန်းမာတဲ့ သံဃာတော်တွေအတွက် လိုအပ်နေတဲ့ အောက်ဆီဂျင်စက်ကို လှူဒါန်းပေးခဲ့တဲ့ စန္ဒီမြင့်လွင်တို့ ဇနီးမောင်နှံ

//s9.kh1.co/9f/9f69ed1130074b8af77ebc7657b2ba70409758f4.jpeg
အနုပညာရှင်များ

 ၀၇-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

......

ကိုဗစ်ရောဂါကူးစက်မှုတွေက ဒီကာလမှာ အတော်လေးများခဲ့တာကြောင့် လိုအပ်တဲ့ ကိစ္စအဝဝကို ပရဟိတ အသင်းတွေ ၊ နီးစပ်ရာ ပြည်သူတွေကပဲ ကူညီဆောင်ရွက်ပေးနေကြတာပါ ။ အခုချိန်အထိလည်း ရောဂါဖြစ်ပွားနေသူတွေ ကျန်ရှိနေသေးသလို အောက်ဆီဂျင် လိုအပ်နေကြတဲ့ လူနာတွေလည်း ရှိနေဆဲပါ ။ 

Photo Credit : Sandy Myint Lwin Facebook Page 
Photo Credit : Sandy Myint Lwin Facebook Page 

ဒါ့ကြောင့်လည်း ရဟန်းသံဃာတွေ ၊ စေတနာ အလှူရှင်တွေ နဲ့ ပရဟိတ အသင်းတွေက အောက်ဆီဂျင်တွေ အဆက်မပြတ် လှူဒါန်းပေးလျက်ရှိရာ အရင်ထက်တော့ အတော်လေး အဆင်ပြေလာတာတွေ့ရပါတယ် ။ ခုလို တတ်နိုင်သလောက် ကူညီပေးနေကြသူတွေ အထဲမှာ အဆိုတော် စန္ဒီမြင့်လွင်လည်း အပါအဝင်ပါပဲ ။

Photo Credit : Sandy Myint Lwin Facebook Page 
Photo Credit : Sandy Myint Lwin Facebook Page 
Photo Credit : Sandy Myint Lwin Facebook Page 
Photo Credit : Sandy Myint Lwin Facebook Page 

ယနေ့ စက်တင်ဘာလ (၇) ရက်နေ့မှာတော့ ခုလိုကာလမှာ ဖြစ်ပွားနေတဲ့ ကိုဗစ်ရောဂါပဲဖြစ်ဖြစ် အခြားသော ရောဂါတွေကြောင့် မကျန်းမာတဲ့ ရဟန်းသံဃာတော်တွေ အတွက် ရည်ရွယ်ပြီး ကန်ဦး ဘုန်းကြီးကျောင်းမှာ အောက်ဆီဂျင်စက် တစ်လုံးကို ချစ်ရတဲ့ ခင်ပွန်းနဲ့ အတူ သွားရောက်လှူဒါန်းခဲ့ပါတယ် ။ အလှူလက်ခံရရှိတဲ့ ပုံတွေနဲ့ အတူ " ကန်ဦးဘုန်းဘုန်းကျောင်းကို အောက်ဆီဂျင် concentrator ကိုဘုန်းဘုန်းကြီးမှ မကျန်းမာတဲ့သံဃာတွေအတွက်ပြန်လည်ငှါးရမ်း ဖို့ လှူဖြစ်ခဲ့ပါတယ် ဤကုသိုလ်အဖို့ပါက ကို ခုနှစ်ရက်သားသမီးအားလုံးထပ်တူထပ်မျှရကြပါစေ" ရေးသားဖော်ပြထားပါသေးတယ်။  မကြာခင်ရက်ကလည်း စားဝတ်နေရေး ခက်ခဲနေတဲ့ အိမ်ထောင်စုတွေကိုလည်း စားသောက်ကုန်များ လှူဒါန်းခဲ့တာကိုလည်း ပီတိဖြစ်စွာ တွေ့ရပါတယ် ။ ပရိသတ်ကြီးအတွက် စန္ဒီမြင့်လွင်ရဲ့ အလှူလေးကို ဝေမျှပေးလိုက်ပါတယ် ။

Photo Credit : Sandy Myint Lwin Facebook Page 
Photo Credit : Sandy Myint Lwin Facebook Page 
Source & Photo Credit : Sandy Myint Lwin Facebook Page 
Source & Photo Credit : Sandy Myint Lwin Facebook Page 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T