ပုံပြင်တွေထဲကလို တကယ့်လက်တွေ့ကမ္ဘာက ရွှေထွက်တယ်ဆိုတဲ့ သစ်ပင်အကြောင်း

//s9.kh1.co/95/95a494a3e59c00b4dc6ccd2f568f37796939ad47.jpg
ဗဟုသုတအဖြာဖြာ

 ၀၇-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ငယ်ငယ်က ပုံပြင်ထဲမှာတော့ ကိုယ်လိုချင်တဲ့ ပစ္စည်းတွေကို အပင်တွေဆီက ခူးယူကြတာ ကြားဖူးကြမှာပါ။ ရှေးတုန်းကလည်း ပစ္စည်းတွေသီးတဲ့ ပဒေသာပင် ဆိုတာ ရှိခဲ့တယ်လို့ လူကြီးတွေက ပြောဖူးကြပါတယ်။ ကဲအခု ကတော့ ပစ္စည်းတွေ သီးတဲ့ အပင်တွေ အကြောင်းတော့ မဟုတ်ပေမယ့် ရွှေထွက်တဲ့ သစ်ပင်တွေအကြောင်း ပြောပြမှာပါ။ ဩစတေးလျက သုတေသီများဟာ Eucalyptus သစ်ပင်တွေရဲ့ အရွက်တွေမှာ ရွှေမှုန်လေးတွေ တွေ့ရှိခဲ့ကြပါတယ်။ ရွှေထွက်တဲ့ သစ်ပင်တွေ တွေ့တဲ့ နေရာ ကတော့ ခြောက်သွေ့တဲ့ဒေသ တစ်ခုဖြစ်တဲ့ Goldfields-Esperance ဒေသဖြစ်ပြီး ဩစတေးလျတိုက်ရဲ့ အနောက်ဘက်မှာ ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/b5/b543e1c591c86ba87facc4dd068443941e411193.jpg

မူလကတော့ ရှာဖွေသူတွေဟာ ဒီမြေအောက်မှာ ဘာရှိသလဲဆိုတာလောက်ပဲ ရှာဖွေဖို့ရည်ရွယ်ခဲ့ပေမယ့် Eucalyptus သစ်ပင်ဆိက ကျတဲ့ အရွက်မှာ ရွှေတွေ တွေ့ရှိခဲ့ကြပါတယ်။ အဲဒီဒေသက Eucalyptus သစ်ပင်တွေဟာ အကိုင်း အလက် ချိုးခံရပေမယ့်လည်း မူလအတိုင်း ပြန်လည်ရှင်သန်နိုင်စွမ်းရှိတဲ့ အပင်တွေ ဖြစ်ပြီး အမြစ်တွေဟာလည်း မြေအောက်ဘက်ကို လျှိုတိုးနိုင်စွမ်းအားကောင်းတာကြောင့် ရေသောက် မြစ်တွေက ဘယ်လိုမြေအောက်ရေကို အသုံးချပြီး အပင်တွေကိုရှင်သန်စေသလဲဆိုတာတောင် ရှာရခက်ပါတယ်။ မေးစရာ ရှိတာက မြေကြီး အောက်က ရွှေတွေဟာ သစ်ပင်ကနေ ဘယ်လို ထွက်လာကြတာလဲ ဆိုတာပါပဲ။

https://s9.kh1.co/__image/w=650,h=488,q=100/65/658d45f6e9c7b72b9f01587e680788b5f181cf93.jpg

တကယ်တော့ Eucalyptus သစ်ပင်တွေရဲ့ အမြစ်ဟာ ရှည်လျားလွန်းတာကြောင့် ရွှေတွေရှိတဲ့ မြေလွှာထဲအထိ ရောက်ရှိနိုင်ပါတယ်။ သစ်ပင်တွေဟာ ဓာတ်ပစ္စည်းတွေကို မြေအောက်ကနေ သယ်ဆောင်နိုင်စွမ်းရှိတာ မဆန်းပေမယ့် မူလ အားဖြင့် ရွှေဆိုတဲ့ သတ္တုဟာ အပင်တွေရဲ့ အဆိပ်ဖြစ်တာကြောင့် ဒီအပင် တွေကတော့ အထူးအဆန်းလို ဖြစ်နေပါတယ်။ ရွှေရှိတဲ့မြေလွှာထဲ ရောက်နေတဲ့အမြစ်တွေက ရွှေအပိုင်းအစတွေကိုစုပ်ယူပြီးနောက် အန္တရာယ် ရှိတဲ့ ဓာတ်ပေါင်းစည်းမှုတွေမဖြစ်ဖို့ အပေါ်ဆုံး အဖျားမှာရှိတဲ့ အရွက်တွေဆီ ပို့ပေးလိုက်ပါတယ်။ ဒီဖြစ်စဉ်ကို ရှာဖွေ တွေ့ရှိသူတွေက အစကမယုံကြသေးပါဘူး။ ဖန်လုံအိမ်ထဲမှာလည်း အဲဒီ အပင်တွေ ရွှေတွေကို သယ်ဆောင်နိုင်စွမ်း ရှိ၊မရှိ စမ်းသပ်ခဲ့ကြရာမှာ အမှန်ဖြစ်တယ်ဆိုတာ လေ့လာတွေ့ရှိခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=411,h=860,q=100/97/972c2bc851c8e7e4581b892ce2d50e11ae18c128.jpg

အဲဒီ Eucalyptus အပင်တွေက ရွှေထွက်ပေမယ့် များပြားလှတာတော့ မဟုတ်ပါဘူး။ အမှုန်အမွှား လောက်ပဲ ရှိတာပါ။ ဘာကြောင့်လည်းဆိုတော့ အဲဒီလိုရွှေထွက်တဲ့အပင်ပေါင်း ၅၀၀ လောက် ပေါင်းမှ လက်ထပ်လက်စွပ် တစ်ကွင်းစာ လုပ်ဖို့ လုံလောက်တဲ့ ရွှေသာရနိုင်လောက် လို့ပါပဲ။ အဲဒီတော့ ဒီအပင်တွေဟာ ရွှေထုတ်တဲ့ နေရာမှ သုံးကြပါတယ်။ အပင်တွေကို စိုက်ပြီး ရွှေ ရှိ၊မရှိ စမ်းသပ်လို့ ရတာကြောင့် ရွှေကြော တွေကို ပေါက်တူး ပေါက်ပြီး ရှာစရာ မလိုတော့ပါဘူး။

https://s9.kh1.co/__image/w=368,h=552,q=100/3a/3a8a91f3a3c446fb6d23fbed32976e6973da9348.jpeg
https://s9.kh1.co/__image/w=650,h=391,q=100/c3/c3644c71f35e5cbc9c0a2536ebdf6c897f91a2ee.jpg

သတင်း အရင်းအမြစ်National geographic

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T