လက်ရှိကြားနေရတဲ့ သတင်းတွေအပေါ်မူတည်ပြီး လူတိုင်း လုပ်သင့်လုပ်ထိုက်တဲ့အရာများကို ပြောပြပေးလာတဲ့ ဟားငါကောင်အဖွဲ့ရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/51/51dcf68ada22164ccd44e2c3bd4769278978dac4.jpeg
အနုပညာရှင်များ

 ၀၇-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

မကြာသေးခင် နာရီပိုင်းလောက်က NUG အစိုးရမှ အရေးပေါ်ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး မကြာသေးခင် နာရီပိုင်းလောက်က လူရွှင်တော်ပိုးလေးရဲ့ လူမှုကွန်ယက်မှာ ဗီဒီယိုဖိုင်တစ်ခု တင်ပေးလာတာ ဖြစ်ပါတယ်။ ဒါကတော့ လက်ရှိကြားနေရတဲ့သတင်းတွေအပေါ်မူတည်ပြီး လုပ်သင့်လုပ်ထိုက်တဲ့အရာများကို ပြောပြလာတာ ဖြစ်ပါတယ်။

Photo Crd-Ko Ko Poe Lay’s Facebook Account 
Photo Crd-Ko Ko Poe Lay’s Facebook Account 
Photo Crd-Ko Ko Poe Lay’s Facebook Account 
Photo Crd-Ko Ko Poe Lay’s Facebook Account 

ပန်းတိုင်ကို အနီးကပ်မြင်နေရပြီဖြစ်တဲ့အတွက် အားလုံးဂရုစိုက်ကြဖို့နဲ့ သတိနဲ့နေထိုင်ကြဖို့ မှာကြားနေတာ ဖြစ်ပါတယ်။ ပြည်တွင်းစစ်ဖြစ်တဲ့အခါ ကြိုတင်လုပ်ဆောင်ထားရမယ့်အချက်အလက်တွေကို ပြန်လည်ရှာဖွေပြီးပြင်ဆင်ထားသင့်ကြောင်း ပြောပြထားပါသေးတယ်။ D-Day ကြေညာလိုက်တာနဲ့ ကုန်ပစ္စည်းဈေးနှုန်းတွေအဆမတန် မြင့်တက်မမသွားဘဲ လူတန်းစားမရွေးဝယ်ယူနိုင်အောင် ပုံမှန်ဈေးနှုန်းများဖြင့်သာ ရောင်းချပေးသင့်ကြောင်း ဈေးဆိုင်ပိုင်ရှင်များကို တောင်းဆိုထားပါတယ်။

Photo Crd-Ko Ko Poe Lay’s Facebook Account 
Photo Crd-Ko Ko Poe Lay’s Facebook Account 
Photo Crd-Ko Ko Poe Lay’s Facebook Account 
Photo Crd-Ko Ko Poe Lay’s Facebook Account 

မျိုးချစ်စိတ်ဓာတ်အရမ်းတက်ကြွပြီး အတင့်မရဲကြဖို့နဲ့ ကိုယ်လုပ်တဲ့အလုပ်ကို ခြေသံလုံစွာ လှုပ်ရှားကြဖို့ လူငယ်တွေကို သတိပေးထားပါသေးတယ်။ ဒီအခြေအနေမျိုးမှာ အားလုံးသတိရှိရှိနဲ့ သွားလာနေထိုင်ကြဖို့ ပြောကြားလိုပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုနိုင်အောင်အတွက် ဟားငါးကောင်ရဲ့ ဗီဒီယိုဖိုင်ကိုပါ တစ်ပါတည်း တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Ko Ko Poe Lay’s Facebook Account 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T