တစ်အိမ်လုံးကို ချောကလက်တွေနဲ့သာ ပြုလုပ်ထားပြီး လူတိုင်း တည့်ခိုလို့ရတဲ့ Paris မြို့စွန်းက အိမ်လေးတစ်အိမ်

//s9.kh1.co/58/5855f50cb9e83926b67660d517b162dec7d561e1.jpg
ဗဟုသုတအဖြာဖြာ

 ၀၇-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ပြင်သစ်နိုင်ငံ မြို့တော် Pairs ကနေ နာရီဝက်လောက် သွားလိုက်ရင် Sèvres ဆိုတဲ့ မြို့စွန် တစ်နေရာကို ရောက်ရှိသွားပါလိမ့်မယ်။ အဲ့ဒီမှာတော့ ချောကလက် ချစ်သူတွေကို မျက်လုံးမခွာနိုင်အောင် အကြိုက်တွေ့စေမယ့် အိမ်လေးတစ်အိမ် ရှိပါတယ်။ ချောကလက်အိမ်လေးကို ဖန်တီးသူကတော့ ပြင်သစ်လူမျိုး ပန်းပုပညာရှင် Jean-Luc Decluzeau ဆိုသူဖြစ်ပါတယ်။ တစ်အိမ်လုံးကို ချောကလက် တန်ချိန် (၁.၅) တန်သုံးထားပြီး အကုန်လုံးစားလို့ရပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/5b/5b1320c9ad58019eba4c2fdbaf0ec1e9d85adf28.jpg
https://s9.kh1.co/__image/w=650,h=434,q=100/a6/a67caa24f52b0d9d200f8596051371be6489e590.jpg

ချောကလက် တစ်ထပ်အိမ်ကလေးဟာ (၁၈) စတုရန်းမီတာ ကျယ်ဝန်းပါတယ်။ အိမ်ထဲမှာ ဧည့်သည်(၄) ယောက်လောက် ကောင်းကောင်း နေထိုင်လို့ ရပါတယ်။ အိမ်ပြင်မှာ အဖြူရောင်ချောကလက်ရည်တွေနဲ့ ပြည့်နေတဲ့ ကန်ငယ်လေးတစ်ကန်လည်း ရှိပါတယ်။ ကန်လေးရဲ့ ဘေးမှာတော့ ချောကလက်ပန်းခင်းလေးတွေ ရှိပါတယ်။ အိမ်ထဲမှာရှိတဲ့ နံရံတွေနဲ့ ခေါင်မိုးက စလို့ မီးလင်းဖို၊ အံ့ဆွဲ၊ မီးပန်းဆိုင်း၊ ခွက်နဲ့ စာအုပ်တွေအဆုံး ချိုမြတဲ့ အရသာရှိတဲ့ ချောကလက်သားတွေနဲ့ လုပ်ထားတာချည်းပါပဲ။

https://s9.kh1.co/__image/w=650,h=434,q=100/52/52e489579c5ea961c47ae67bf29b6b9ab5b405bf.jpg
https://s9.kh1.co/__image/w=650,h=434,q=100/df/dfdbf8cf77a19c5646a9e4765b6cdfd1c5ddb82d.jpg

ချောကလက်အိမ်လေးထဲမှာ အိပ်စက် အနားယူချင်တဲ့သူတွေအဖို့ နှစ်ညတာ အိပ်စက်ခွင့်ကို ပြုလုပ်ပေးနိုင်ပြီး တစ်ဦးကို ဒေါ်လာ(၅၉) ကျပ်သာ ကျသင့်မှာဖြစ်ပါတယ်။ အိမ်ကလေးဆီ ရောက်တဲ့အခါ Decluzeau က ဧည့်သည်တော်တွေကို ကိုယ်တိုင်ကိုယ်ကျ ချောကလက်အိမ်သေးလေးတွေ ပြုလုပ်နည်းကို အမှတ်တရ သင်ကြားပြသပေးမှာ ဖြစ်ပါတယ်။ ပြင်သစ်ကိုခရီးသွားဖြစ်တဲ့အခါ ဒီနေရာလေးကို သွားလည်ဖို့လည်း မမေ့ကြပါနဲ့။

https://s9.kh1.co/__image/w=650,h=489,q=100/5d/5d1071d1b506f6422f1db9695b125388217a8bf7.jpg
https://s9.kh1.co/__image/w=650,h=434,q=100/58/5811e5514ab29854e2d5b90894f55c13ac73de04.png
https://s9.kh1.co/__image/w=650,h=482,q=100/20/2092f73564e5c150d581b650681d945f9f939e97.jpg
https://s9.kh1.co/__image/w=650,h=494,q=100/81/8149b063344ef398c04ed43f89aaf37a7e5616d6.jpg

သတင်း အရင်းအမြစ်Lonely planet

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T