ဆယ်စုနှစ်တစ်ခု‌ကြာ မေ့မြောနေတဲ့ သားကို နှစ်ပေါင်းများစွာ ပြုစုပေးခဲ့တဲ့ ၇၅ နှစ်အရွယ် အမေအိုကြီး

//s9.kh1.co/58/583dbd95cac32d0b693f88805302f93b2072ad33.jpg
ဗဟုသုတအဖြာဖြာ

 ၀၇-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ကားမတော်တဆမှု တစ်ခုကြောင့် ကိုမာဝင်နေတဲ့ တရုတ်အမျိုးသား တစ်ယောက်ဟာ ဆေးရုံမှာ ၁၂ နှစ်ကြာမေ့မျောနေခဲ့ရာကနေ ပြန်လည်နိုးထလာခဲ့ပါတယ် ။ သူ့ရဲ့အသက် ၇၅နှစ်အရွယ် အမေအိုကြီးကတော့ ၁၂ နှစ်အကြာမှ နိုးထလာခဲ့တဲ့ သူ့အတွက် ကြည်နူးလွန်းလို့ မျက်ရည်တွေတောင်လည်ခဲ့ရပါတယ်။ ဆယ်စုနှစ်တစ်ခု ကျော်တဲ့ အထိ သူမရဲ့သားကို ဂရုစိုက်ခဲ့ရတဲ့အတွက်သူမှာ ရှိသမျှငွေတွေအားလုံးကို ဆေးကုသစရိတ်အတွက် သုံးစွဲခဲ့ရပြီး အကြွေးကြီးဘဲ ယွမ် ၁သိန်း ၂သောင်းရှိနေပါတယ်။

https://s9.kh1.co/__image/w=600,h=535,q=100/c9/c998bfbe455f4219b70a1bf672bd825008c3de6a.jpg

သားအတွက်ဆေးကုသစရိတ်တွေကြောင့် တစ်လလုံးဘာမှမစားဘဲ နေခဲ့ရရှာတဲ့ သနားစရာကောင်းတဲ့ အမေအိုရဲ့ မိခင်မေတ္တာတွေအကြောင်းကို သူမကပြောပြခဲ့ပါတယ် ။ Mail Online ကဖော်ပြချက်တွေအရ ဝမ်ဟာ သူ့ဖခင်ဟာ သူငယ်စဉ်ထဲက ဆုံးပါးသွားခဲ့တာဖြစ်ပြီး အဲဒိအချိန်ထဲက ဝမ်ရဲ့ မိခင်ဟာသူ့ရဲ့တစ်ဦးတည်းသော စောင့်ရှောက်သူဖြစ်ခဲ့ရပါတယ်။ သူမရဲ့တစ်နေ့တာကတော့ မနက် ၅နာရီကစပြီး သူမရေမချိုးခင် သားဖြစ်သူကို မျက်နှာသစ်ပေးခြင်း၊ အစာကျွေးခြင်း ၊ နှိပ်နယ်ပေးခြင်း ၊ အိပ်ရာပေါ် က ပြုတ်မကျအောင် နေရာရွှေ့ပေးခြင်း တွေကို ပြုလုပ်ပေးပါတယ် ။

https://s9.kh1.co/__image/w=600,h=363,q=100/ed/ede862920772df811c8762b50264bbada26abf88.jpg
https://s9.kh1.co/__image/w=600,h=346,q=100/34/34affeeccc7957818d7d6539fbad2853a78badac.jpg

သူမတို့ဘယ်လောက်တောင် ဆင်းရဲသလဲဆိုရင် တစ်လလုံး ဘာမှမစားရတဲ့အချိန်တွေတောင် ရှိခဲ့ဖူးတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အာခေါင်တွေ ခြောက်ပြီး ဗိုက်တွေအရမ်းဆာနေရင်တောင် ရေသောက်ပြီးနေခဲ့တယ်လို့ သူမက ဆိုပါတယ်။ သူမဟာ 20kg ဝိတ်ကျသွားပြီး သွေးကြောခဲ ဆုံးရှုံးသွားမှုကြောင့် အခုဆိုရင် 30kg အလေးချိန်သာ ကျန်ရှိပါတော့တယ်။ နောက်ဆုံးမှာတော့ သူမအတွက် အံ့ဩဖွယ်ရာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အဲ့တာကတော့ သူမရဲ့သားဟာ ၁၂နှစ်အကြာမှ ပြန်လည်သတိရလာခဲ့တာဖြစ်ပါတယ်။ ဝမ်ကတော့ စကားပြောဆိုနိုင်ခြင်း လှုပ်ရှားနိုင်ခြင်း မရှိသေးပေမယ့် သူမိခင်လုပ်သမျှ ကိုသိပြီး ပြုံးပြနိုင်ပြီဖြစ်ပါတယ်။ သူမကတော့ " အရမ်းကိုပျော်ရွှင်ရပါတယ်၊ သူနလန်ပြန်ထူလာဖို့ ငါအမြဲတမ်းမျှော်လင့်ခဲ့တာ၊ သူ့အတွက်ငါဘယ်တော့မှ အရှုံးမပေးဘူး သူတစ်နေ့မှာ ငါ့ကို အမေလို့ပြန်ခေါ်နိုင်မှာပါ " လို့ပြောခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=349,q=100/d8/d806fa9ebfbede186648d31c5b9d845c1f62a21e.jpg
https://s9.kh1.co/__image/w=512,h=283,q=100/37/37e2a9adff26137edb0b2784e818d5839f6d641b.jpg

သတင်း အရင်းအမြစ်nzherald

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T