မွေးကင်းစကတည်းက မိဘမေတ္တာမရခဲ့ကြတဲ့ သားသမီးလေးတွေကို သူမရဲ့မေတ္တာတွေအပြည့်အဝပေးပြီးဂရုတစိုက်နဲ့ချစ်ပေးနေတဲ့ မေမေခိုင်နှင်းဝေ

//s9.kh1.co/a0/a0165785e577fe81fe741bfa07d2584c70314193.jpeg
အနုပညာရှင်များ

 ၀၈-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

မွေးကင်းစကတည်းက မိဘမေတ္တာမရခဲ့ကြတဲ့ သားသမီးလေးတွေကို သူမရဲ့မေတ္တာတွေအပြည့်အဝပေးပြီးဂရုတစိုက်နဲ့ချစ်ပေးနေတဲ့ မေမေခိုင်နှင်းဝေ

ခိုင်နှင်းဝေရဲ့ရင်သွေးလေးများဂေဟာမှာ နေထိုင်တဲ့ ကလေးငယ်တွေအကုန်လုံးက မိဘမေတ္တာကိုမရရှိခဲ့ပေမယ့်အေးချမ်းတဲ့အရိပ်အောက်မှာနေနေရတာပဲဖြစ်ပါတယ်။ခိုင်နှင်းဝေကလည်း သားသမီးတွေအကုန်လုံးကိုတန်းတူရည်တူဆက်ဆံပြီး မေတ္တာတွေအပြည့်အဝပေးတာဖြစ်ပါတယ်။လူတိုင်းမလုပ်နိုင်လောက်တဲ့ ပရဟိတအလုပ်တွေနဲ့ကလေးတွေ စောင့်ရှောက်ရေးကို ခိုင်နှင်းဝေက စနစ်တကျလုပ်ဆောင်နေတာကြောင့် ပြည်သူတွေကလည်း သူမကိုလေးစားနေကြတာဖြစ်ပါတယ်။

Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page

စေတနာရှင်ပြည်သူတွေကလည်း ကလေးတွေရဲ့ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာတွေ့မြင်ပြီး ချစ်ကြတာကြောင့် သဒ္ဓါတရားထက်သန်စွာလှူနေကြတာဖြစ်ပါတယ်။တချို့ကလေးတွေဆိုရင် ခိုင်နှင်းဝေဆီမွေးကင်းစအရွယ်ကတည်းကရောက်လာကြပေမယ့် အခုဆိုရင် တဖြည်းဖြည်းနဲ့အရွယ်ရောက်လို့ သိတတ်နေပြီဖြစ်ပါတယ်။သားသမီးတွေကိုလည်း အခုအရွယ်ကတည်းက လိမ္မာယဉ်ကျေးအောင် မေမေခိုင်နှင်းဝေကဆုံးမသွန်သင်ထားတာဖြစ်ပါတယ်။

Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page

ကလေးတွေဆီ နေတိုင်းနီးပါးသွားလည်တတ်တဲ့ ခိုင်းနှင်းဝေက မနေ့ကဆိုရင်လည်း သားသမီးတွေနဲ့အတူ ပျော်ရွှင်စရာအချိန်လေးတွေကုန်ဆုံးခဲ့တာပဲဖြစ်ပါတယ်။ထမင်းစားပြီးတဲ့သားသမီးလေးတွေကို ရေခဲမုန့်ကိုယ်တိုင်ခွံ့ကျွေးပြီး ဂရုစိုက်ပေးနေတာဖြစ်ပါတယ်။ကလေးတွေကလည်း မေမေခိုင်နှင်းဝေရဲ့နားမှာ ငြိမ်ငြိမ်လေးထိုင်နေကြပြီး ရေခဲမုန့်ခွံ့ကျွေးတာကို အလှည့်နဲ့စားနေကြတဲ့ ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page

Source&Photo Credit:Khine Hnin Wai’s Fb page

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T