ကြက်သွန်နီကို ဟင်းချက်တဲ့ အခါမှာနဲ့ အသုပ်သုပ်ကြတဲ့အခါမှာ အများဆုံး အသုံးပြုလေ့ ရှိပါတယ်။ ဟင်းချက်တဲ့အခါမှာတော့ ကျက်အောင် ချက်ပြုတ်ကြပြီး အသုပ်မှာတော့ အစိမ်းကို ပါးပါးလှီးပြီး စားလေ့ ရှိကြပါတယ်။ တစ်ချို့ ကြက်သွန်နီကို ကြိုက်လွန်းတဲ့သူတွေဆို အစိမ်းကို တို့စရာ အဖြစ်တောင် စားသုံးတတ်ကြပါတယ်။ 

ဘယ်လိုပဲ စားသုံးသည်ဖြစ်စေ ကြက်သွန်နီမှ ကျန်းမာရေး ကောင်းကျိုးများကို ပေးစွမ်းနိုင်တယ် ဆိုတာကို အနည်းငယ် မျှဝေချင်ပါတယ်။ ကြက်သွန်နီ စားသုံးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများမှာ -

(၁) အစာကြေလွယ်တယ်

(၂) ဓာတ်မတည့်မှုကို ကာကွယ်ပေးတယ်

(၃) သွေးထဲမှာပါ၀င်တဲ့ သကြားဓာတ်တွေကို ပုံမှန်ဖြစ်စေတယ်

(၄) အဖျားရောဂါကို သက်သာစေတယ်

(၅) နှာစေးခြင်း၊ နှာရည်ယိုခြင်းများကိုလည်း သက်သာပျောက်ကင်းစေတယ်

(၆) စိတ်ဓာတ်ကျခြင်းကို ကာကွယ်ပေးတယ်

(၇) အသားအရေနှင့် ဆံပင်အတွက် ကောင်းမွန်တဲ့ အထောက်အပံ့ပေးတယ်

(၈) အညောင်းမိခြင်းကို သက်သာပျောက်ကင်းစေတယ်

(၉) နှလုံးအားကောင်းစေတယ်

(၁၀) ကင်ဆာပိုးများ ပျံ့နှ့ံခြင်းကို ထိန်းချုပ်ပေးတယ်

(၁၁) နားကိုက်ခြင်းကို သက်သာစေတယ်

(၁၂) အစာအိမ်ရောဂါကို သက်သာပျောက်ကင်းစေတယ်

(၁၃) ဆီးနှင့် ကျောက်ကပ် အားကောင်းရန် အထောက်အကူ ပေးတယ်

ဒါတွေကို သိရှိပြီး မိမိကျန်းမာရေးအတွက် သင့်တော်သော ကြက်သွန်နီကို အကျိုးရှိစွာ စားသုံးနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။