အောင်မြင်မှုတွေ အစပျိုးရာနေရာဖြစ်တဲ့ မန်ယူအသင်းဆီ တစ်ကျော့ပြန်လာပြီး ပထမဆုံးလေ့ကျင့်ခန်းဆင်းနေတဲ့ စီရိုနယ်ဒိုရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/41/41c1d210ae5a123168166f3d9cff779f3fb5e75b.jpg
အားကစားသတင်းများ

 ၀၈-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

အောင်မြင်မှုတွေ အစပျိုးရာနေရာဖြစ်တဲ့ မန်ယူအသင်းဆီ တစ်ကျော့ပြန်လာပြီး ပထမဆုံးလေ့ကျင့်ခန်းဆင်းနေတဲ့ စီရိုနယ်ဒိုရဲ့ ဗီဒီယိုဖိုင်

မန်ယူပရိသတ်တွေရဲ့ အချစ်တော်ကစားသမားကြီးစာရင်းမှာ ဘတ်ခမ်း၊ရွန်းနီနဲ့ စီရိုနယ်ဒိုတို့က ထိပ်ဆုံးက ပါဝင်နေခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းကို ဆုဖလားတွေများစွာရရှိအောင် ကူညီပေးခဲ့တဲ့ စီရိုနယ်ဒိုတစ်ယောက်ဟာ မန်ယူအသင်းက ထွက်ခွာပြီး စပိန်ကလပ် ရီးရဲမက်ဒရစ်အသင်း၊အီတလီကလပ် ဂျူပီအသင်းတွေမှာ ကျင်လည်ခဲ့ပါတယ်။ ယခုမှာတော့ ပေါ်တူဂီတိုက်စစ်မှူးကြီးဟာ သူရဲ့အောင်မြင်မှုတွေ အစပျိုးရာနေရာဖြစ်တဲ့ မန်ယူအသင်းဆီ တစ်ကျော့ပြန်လာခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

သူတို့ရဲ့ ကစားသမားဟောင်းကြီးကို ပြန်ခေါ်ယူချင်တဲ့ မန်ယူအသင်းပရိသတ်တွေရဲ့ အိမ်မက်တွေကလည်း ယခုမှာတော့ ပြည့်မြောက်သွားခဲ့တာပဲ ဖြစ်ပါတယ်။ နိုင်ငံတကာပွဲစဥ်တွေ သွားရောက်ကစားနေတာကြောင့် စီရိုနယ်ဒိုတစ်ယောက် မန်ယူအသင်းနဲ့ တရားဝင်မပူးပေါင်းနိုင်ခဲ့တာ ဖြစ်ပြီး ယခုမှာတော့ မန်ယူအသင်းရဲ့ လေ့ကျင့်ရေးကွင်းဆီကို ပေါ်တူဂီ တိုက်စစ်မှူးကြီးဟာ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ စီရိုနယ်ဒိုကတော့ မန်ယူအသင်းသားတွေနဲ့အတူ ပထမဆုံးအကြိမ် လေ့ကျင့်ခန်းဆင်းနေခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

တစ်ချိန်က အသင်းဖော်ဟောင်းကြီးဖြစ်သလို ယခုမှာတော့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်နေပြီဖြစ်တဲ့ ဆိုးရှားနဲ့ စီရိုနယ်ဒိုတစ်ယောက် အရင်ဆုံးတွေ့ဆုံခဲ့တာပဲ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ စီရိုနယ်ဒိုကို အသင်းဖော်တွေဖြစ်ကြတဲ့ မာတာ၊ ဒါးလော့၊ဖရက်တို့နဲ့အတူ မြင်တွေ့ခဲ့ရပါတယ်။ မန်ယူအသင်းကို တစ်ကျော့ပြန်လည်ရောက်ရှိလာပြီး ပထမဆုံးလေ့ကျင့်ခန်းဆင်းနေပြီဖြစ်တဲ့ ပေါ်တူဂီတိုက်စစ်မှူးကြီး စီရိုနယ်ဒိုရဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T