အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုင်တက်အသင်းအနေဖြင့် စပိန်လာလီဂါကလပ် ရီးရဲမက်ဒရစ်အသင်းအား UEFA Super Cup ဗိုလ်လုပွဲတွင် ၂-၁ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ 

ထို့ပြင် မန်ချက်စတာယူနိုင်တက်အသင်း၏နည်းပြ မော်ရင်ဟိုအနေဖြင့် နည်းပြဘဝတစ်လျှောက် ကိုင်တွယ်ခဲ့သော UEFA Super Cup ဗိုလ်လုပွဲ၃ပွဲလုံး ရှုံးနိမ့်ခဲ့သည့် စံချိန်ဆိုးပါ ရရှိခဲ့သည်။

မော်ရင်ဟိုသည် UEFA Super Cup ဗိုလ်လုပွဲ၃ပွဲဖြစ်သည့် -

ပေါ်တို ၁-၂ ဗလင်စီယာ

ချယ်ဆီး ၁-၁ ဘိူင်ယန်မြူးနစ် (ပင်နယ်တီ ၅-၄ ဖြင့်ချယ်ဆီးရှုံး)

မန်ချက်စတာယူနိုင်တက် ၁-၂ ရီးရဲမက်ဒရစ်

စသည့်ပွဲ၃ပွဲလုံး ရှုံးနိမ့်ခဲ့သည်။

Hein

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။