တော်လှန်ရေးအောင်မြင်ဖို့အတွက် စတင်လိုက်ပြီဖြစ်လို့ ပြည်သူတွေလုပ်သင့်တဲ့အရာတွေကို တိုက်တွန်းလိုက်တဲ့ မူးလာ

//s9.kh1.co/36/363214fbd594657eb4f93a41128f73d668644890.jpg
အနုပညာရှင်များ

 ၀၈-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

Myanmar Idol ပြိုင်ပွဲကနေတစ်ဆင့် အနုပညာလောကထဲ ထိုးဖောက်ဝင်ရောက်လာခဲ့တဲ့ အဆိုတော်မူးလာကတော့ လက်ရှိမှာ လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။ အရေးတော်ပုံကြီး စတင်ခဲ့တဲ့ ဖေဖော်ဝါရီလအစပိုင်းကတည်းက လမ်းပေါ်ထွက်လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့သလို အခုအချိန်မှာလည်း လွတ်မြောက်နယ်မြေကနေ အစွမ်းကုန်ကြိုးစားပါ၀င်နေတာ ဖြစ်ပါတယ်။

Photo credit-​ Saw Chris Mooler's Facebook acc
Photo credit-​ Saw Chris Mooler's Facebook acc
Photo credit-​ Saw Chris Mooler's Facebook acc
Photo credit-​ Saw Chris Mooler's Facebook acc

မူးလာကတော့ လွတ်မြောက်နယ်မြေရောက်ရှိနေတဲ့ အချိန်မှာလည်း သီချင်းတွေရေးကာ သူ့ရဲ့အနုပညာအလုပ်တွေနဲ့ ပြည်သူတွေကို စိတ်ခွန်အားပေးနေပြီး တော်လှန်ရေးရဲဘော်တွေရဲ့ လိုအပ်ချက်တွေကိုလည်း တတ်နိုင်သမျှ လှူဒါန်းပေးနေတာဖြစ်ပါတယ်။ NUG အစိုးရဘက်ကနေ ဒီဒေးကြေငြာလိုက်ပြီးနောက်မှာတော့ ပြည်သူတွေအနေနဲ့လည်း ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ထားကြဖို့ လိုပါတယ်။

Photo credit-​ Saw Chris Mooler's Facebook acc
Photo credit-​ Saw Chris Mooler's Facebook acc

မူးလာကလည်း သူ့ရဲ့ Facebookစာမျက်နှာကနေ ဒီဒေးကြေငြာလိုက်ပြီဖြစ်လို့ ပြည်သူတွေအနေနဲ့ သတိကြီးကြီးထားကြဖို့လိုကြောင်း၊ ကြောက်ဖို့မလိုပဲ တစ်ဦးတစ်ယောက်ဆီ ဝိုင်း၀န်းကူညီ ထောက်ပံ့ပေးကြဖို့လိုကြောင်း ပြောလာခဲ့ပါတယ်။ ဒါမှသာ ဖယ်ဒရယ်နိုင်ငံသစ်ဆီကို ဦးတည်နိုင်မှာဖြစ်ကြောင်းကိုလည်း တင်ပေးလာခဲ့တာဖြစ်ပါတယ်။

Photo credit-​ Saw Chris Mooler's Facebook acc
Photo credit-​ Saw Chris Mooler's Facebook acc

သတင်း အရင်းအမြစ်Saw Chris Mooler's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T