အရေးပေါ်အခြေအနေအတွက် ကြိုတင်ပြင်ဆင်တဲ့အခါ လိုအပ်သော ပစ္စည်းများ

//s9.kh1.co/0e/0ef93f79ec2a929782521fbf0baf72902c6be363.jpg
ဗဟုသုတအဖြာဖြာ

 ၀၈-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

အရေးပေါ်ဖြစ်ရပ်‌ဖြစ်လာတဲ့အခါ သင့်အနေနဲ့ နောက်နေ့ရက်တွေမှာ အသက်ရ‌ှင်ဖို့ လိုအပ်ပါတယ်။ အဲ့အတွက် သင့်အနေနဲ့ ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ ပြင်ဆင်ခြင်းဆိုသည်မှာ သင်ရဲ့ကိုယ်ပိုင်အစားအစာ၊ ရေနှင့်အခြားအထောက်အပံ့များကို ရက်ပေါင်းများစွာကြာရှည်ခံစေခြင်းကိုဆိုလိုပါတယ်။ အထောက်အပံ့ပစ္စည်းများသည် အရေးပေါ်အခြေအနေတွင် သင့်ရဲ့မိသားစုအတွက် လိုအပ်တဲ့ အခြေခံပစ္စည်းများစုဆောင်းခြင်းဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=346,q=100/cf/cfa47cb9dca53e1f6f199a1798ef24c84b5bd033.jpg
https://s9.kh1.co/__image/w=512,h=375,q=100/9e/9e0407286b82c1f3a1e14a1f810adf47def42a7d.jpg

သင်ရ‌ဲ့ အရေးပေါ်ပစ္စည်းအစုံအလင်ကို လေလုံတဲ့ပလတ်စတစ်အိတ်များနှင့် စုစည်းပြီး ပလတ်စတစ်ဘူးများ ဒါမှမဟုတ် Duffel အိတ်ကဲ့သို့သယ်ဆောင်ရလွယ်ကူတဲ့ အိတ်ထဲကိုထည့်ထားပါ။ ထည့်တဲ့အခါမှာလည်း အိတ်တစ်လုံး ဒါမှမဟုတ် နှစ်လုံးလောက်ထည့်ထားပါ။ အခြေခံအရေးပေါ် Supply Kit ထဲတွင် အောက်ပါ အကြံပြုထားသောပစ္စည်းများပါ၀င်ပါတယ်။

- ရေ (လူတစ်ယောက်အတွက် တစ်နေ့လျှင် တစ်ဂါလံ၊ သောက်ရေနှင့်သန့်ရှင်းရေးအတွက်)

- အစားအစာ ( မပျက်စီးနိုင်တဲ့ အစားအစာများကို အနည်းဆုံးသုံးရက်စာ)

- ဘက်ထရီပါဝါ (သို့) လက်လှည့်လက်ကိုင်ရေဒီယိုနှင့် အသံသတိပေးချက်ပါသော NOAA မိုးလေဝသရေဒီယို

- ဓာတ်မီး

- First aid kit ( ဆေးသေတ္တာဗူး )

- ဘက်ထရီအပို

- ဝီစီ (အကူအညီတောင်းရန်အချက်ပြခြင်း)

- ဖုန်မှုန့်မျက်နှာဖုံး (ညစ်ညမ်းနေသောလေကိုသန့်စင်ရန်ကူညီခြင်း)

- ပလပ်စတစ်အခင်းနှင့် Duct Tape (နေရာ၌ခိုလှုံရန်)

- လက်အိတ်များ၊ အမှိုက်အိတ်များနှင့်ပလတ်စတစ်အိတ်များ (တစ်ကိုယ်ရေသန့်ရှင်းရေးအတွက်)

- ပလာယာ

- Manual အတွက်ဖွင့်တံ (အစားအစာအတွက်)

- ဒေသခံမြေပုံများ

- အားသွင်းကြိုးနှင့်အရံဘက်ထရီပါသောဆဲလ်ဖုန်း တို့ပဲဖြစ်ပါတယ်။ ရှေ့ဦးသူနာပြု ပြုစုနည်းကိုလည်း တက်ထားသင့်ပါတယ်။

https://s9.kh1.co/__image/w=561,h=357,q=100/bd/bdb0c1ebf22c984f41ba2401f49942db33116d06.jpg

နောက်ထပ်အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများ

တစ်ဦးချင်း လိုအပ်ချက်ပေါ် မူတည်ပြီး သင်ရဲ့အရေးပေါ်ထောက်ပံ့ရေးပစ္စည်းထဲကို အောက်ပါပစ္စည်းများထည့်နိုင်ပါသေးတယ်။

- Mask (အသက် ၂ နှစ်နှင့်အထက်လူတိုင်းအတွက်)၊ ဆပ်ပြာ၊ လက်သန့်စင်ဆေးရည်၊ မျက်နှာပြင်များကို ပိုးသတ်ပေးတဲ့ ပိုးသတ်ဆေးများ

- ဆေးညွှန်းဆေးဝါးများ

- အကိုက်အခဲပျောက်ဆေးများ၊ ဝမ်းလျှောရောဂါတိုက်ဖျက်ရေးဆေးများ၊ antacids သို့မဟုတ်ဝမ်းနုတ်ဆေးများ

- သင့်တော်တဲ့ မျက်မှန်နှင့် မျက်ကပ်မှန်များ

- မွေးကင်းစ ကလေးငယ်များအတွက် လိုအပ်သော ပစ္စည်းများ

- သင့်အိမ်မွေးတိရစ္ဆာန်အတွက် အစာအပိုနှင့် ရေအပို

- ငွေသား

- မိသားစုရဲ့ အရေးကြီး စာရွက်စာတမ်းများ

- လူတစ်ယောက်တိုင်းအတွက် နွေထွေးစေမယ့် စောင် ဒါမှမဟုတ် Sleeping bag

- ရာသီဥတုနဲ့လိုက်မယ့်အ၀တ်အစားနဲ့ ခိုင်ခံတဲ့ ဖိနပ်၀တ်ဆင်ပါ

- မီးသတ်ဘူး

- အမျိုးသမီးသုံးပစ္စည်းများနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးပစ္စည်းများ

- စက္ကူခွက်များ၊ ပန်းကန်များ၊ စက္ကူလက်သုတ်ပုဝါများနှင့်ပလတ်စတစ်အသုံးအဆောင်များ

- စက္ကူနှင့်ခဲတံ

- ကလေးများအတွက်စာအုပ်များ၊ ဂိမ်းများ၊ ပဟေဠိများ သို့မဟုတ်အခြားလုပ်ဆောင်ချက်များ ထည့်သွင်းထားပါ။

https://s9.kh1.co/__image/w=650,h=514,q=100/97/97d6a927d0db7cf0d397f620ae254718cac166bd.jpeg

Maintaining Your Kit

ပစ္စည်းအစုံကိုစုဆောင်းပြီးနောက် လိုအပ်တဲ့အခါအဆင်သင့်ဖြစ်ရန် ပစ္စည်းတွေကို ထိန်းသိမ်းရန်သတိရပါ။

- စည်သွတ်ဘူးများကို အေးပြီး ခြောက်သွေ့တဲ့နေရာတွင်ထားပါ။

- ထုပ်ပိုးထားသောအစားအစာများကိုတင်းတင်းကျပ်ကျပ်ပိတ်ထားသောပလတ်စတစ် (သို့) သတ္တုဗူးများဖြင့် သိမ်းဆည်းပါ။

- သက်တမ်းလွန်ပစ္စည်းများအားလိုအပ်သလိုအစားထိုးပါ။

- သင်နဲ့သင့်မိသားစုရဲ့ ပြောင်းလဲမှုတွေကြောင့် နှစ်တိုင်း ပြန်စဉ်းစားပြီး လိုအပ်ရင် လိုအပ်သလို ပစ္စည်းတွေကို လဲပေးပါ။

https://s9.kh1.co/__image/w=650,h=488,q=100/a7/a7f63d4080b7e6f6dc152f5a11f79eed39766a85.jpeg

Kit Storage Locations

အရေးပေါ်ဖြစ်တဲ့အခါ သင်ဟာဘယ်နေရာမှာ ရှိနေနိုင်မလဲ သေချာမသိနိုင်‌တာတွေရှိပါတယ်။ ဒါကြောင့် အရေးပေါ်အခြေအနေဖြစ်ရင် အိမ်၊ အလုပ်နှင့် ကားအတွက် အထောက်အပံ့များကို ပြင်ဆင်ထားပါ။

Home

အရေးပေါ်အိတ်ကို သတိရနိုင်တဲ့နေရာမှာထားထားပါ။ လိုအပ်တဲ့အခါကျရင် ယူဆောင်ပြီး အိမ်ကအမြန်ထွက်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားပါ။ မိသားစု၀င်တွေအကုန်လုံးလည်း အိတ်ထားရာနေရာကို သိထားကြဖို့ လိုအပ်ပါတယ်။

Work

အလုပ်မှာဆိုရင်တော့ အလုပ်မှာပဲ အနည်းဆုံး ၂၄ နာရီလောက်နေဖို့ အဆင်သင့်ပြင်ထားပါ။ အလုပ်မှာရှိသင့်တဲ့ အရေးပေါ်အိတ်ထဲမှာ အစားအစာ၊ ရေနှင့် အခြားလိုအပ်ချက်များဖြစ်တဲ့ဆေးဝါးများအပြင် သက်တောင့်သက်သာလမ်းလျှောက်နိုင်သောဖိနပ်လည်းရှိသင့်ပါတယ်။

Car

သင့်ရဲ့ကားပေါ်မှာလည်း အရေးပေါ်ပစ္စည်းတွေထည့်ထားတဲ့အိတ် ထားသင့်ပါတယ်။

သတင်း အရင်းအမြစ်Readygov

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T