"သြဂုတ်လ ၁၀ရက်နေ့ကို အမေရိကကိုသွားရောက် ဖျော်ဖြေဖို့ရှိပါတယ်။ပွဲလေးကတော့ မြို့လေးမြို့မှာ ဆိုရမှာပါ။ဆိုရမှာကတော့ တစ်ပွဲမှာ သီချင်း ၁၀ ပုဒ် ဆိုရမှာပါ။ရခိုင်ပွဲမှာဆိုရင်တော့ ရခိုင်သီချင်း ၅ ပုဒ် ရယ် မြန်မာသီချင်း ၅ ပုဒ်ရယ် ဆိုမှာပါ။နောက်ထပ်မြို့ သုံးမြို့ မှာတော့ မြန်မာပွဲပေါ့။အဲဒီပွဲတွေမှာလဲ ကိုယ့်ရဲ့တိုင်းရင်းသားတွေအစုံလာကြည့်ကြမယ့်ပွဲဖြစ်တဲ့အတွက် ရခိုင်သီချင်းလဲဆိုမယ် မြန်မာသီချင်းလဲဆိုဖြစ်မှာပါ။ပြီးတော့ အဲ့ဒီမှာ MTVလေးတွေလည်း ရိုက်ဖြစ်ဖို့ရှိပါတယ်။ရေမြေခြားဆိုတဲ့သီချင်းလေးမှာ ကောင်မလေးကအဝေရောက်နေရတယ်ဆိုတော့ အဲ့မှာရိုက်ရတာပိုအဆင်ပြေသွားတယ်။ 

Onlineမှာ ရိုးရိုးလေးဆိုတဲ့သီချင်းတင်ထားပါတယ်။ချစ်ပရိသတ်ကြီးအားပေးကြပါအုံးလို့။အနုပညာလှုပ်ရှားမှုအနေနဲ့တော့ သူသိစေ ဆိုတဲ့ MTVလေး ၁၀လပိုင်း ၁၁ လပိုင်းလောက်ထွက်ဖို့အတွက် MTVလေးတွေ ရိုက်နေပါတယ်။အခုလောလောဆယ်မှာတော့ အချစ်ရေးက ထွေထွေထူးထူးမရှိပါဘူးလို့ "ရတနာမိုင်ကပြောပါတယ်။

သတင်းအရင်းမြစ် Popular Journal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။