လမ်းမှာ ရုန်းကန်လှုပ်ရှားနေရတဲ့ ပြည်သူတွေရဲ့ အခက်အခဲကို တတ်နိုင်သလောက် ကူညီဖြေရှင်းပေးခဲ့တဲ့ ဟိန်းမင်းသူရဲ့ အလှူလေး

//s9.kh1.co/45/457586c832e37efc35b6ea52b92163e2756b559f.jpeg
အနုပညာရှင်များ

 ၀၉-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

......

ခုလို အခြေအနေတွေမှာ အကြောင်းမျိုးစုံကြောင့် အလုပ်အကိုင်တွေလည်း အဆင်မပြေနေကြပါဘူး ။ ဒီလို အချိန်တွေမှာ လက်လုပ်လက်စား အခြေခံ လူတန်းစားတွေ အဖို့တော့ ဘဝကို အတော်လေး ရုန်းကန် ဖြတ်သန်းနေကြရတာပါ ။ ထမင်းတောင် နပ်မှန်အောင် မစားရတဲ့ သူတွေလည်း အများကြီး ရှိနေတာ အမှန်ပါပဲ ။

Photo Credit : Hein Min Thu Facebook Account
Photo Credit : Hein Min Thu Facebook Account
Photo Credit : Hein Min Thu Facebook Account
Photo Credit : Hein Min Thu Facebook Account

ဒါကြောင့် ဒီရက်ပိုင်းမှာဆိုရင် မြန်မာနိုင်ငံ နေရာ အနှံအပြားမှာ ခက်ခဲ ကျပ်တည်းနေသူတွေ အတွက် ရည်ရွယ်ပြီး အနုပညာရှင်တွေ ၊ စေတနာရှင် ပြည်သူတွေ ၊ ပရဟိတ အသင်းတွေ စုပေါင်းပြီး စားသောက်ကုန်တွေကို ရက်ရက်ရောရော လှူဒါန်းဝေဌပေးတာတွေ ပြုလုပ်လာကြတာ ကြည်နူးပီတိ ဖြစ်စရာ မြင်ကွင်းတွေပါပဲ ။

Photo Credit : Hein Min Thu Facebook Account
Photo Credit : Hein Min Thu Facebook Account

အခုလည်း မင်းသား ဟိန်းမင်းသူက သွားလာရင်း လမ်းမမှာ ဘဝတွေကို ကြိုးစားရုန်းကန်နေရတဲ့ ပြည်သူတွေအတွက် စားနပ်ရိက္ခာ အချို့ကို တတ်နိုင်သလောက် လိုက်လံဝေဌပေးခဲ့ပါတယ် ။ နည်းသည် များသည် ပဓာနမထားဘဲ စာနာစိတ်အပြည့်နဲ့ လှူဒါန်းတာက မွန်မြတ်လွန်းသလို လက်ခံရရှိသူ အဖို့လည်း ခဏတာ အဆင်ပြေသွားတာမို့ ပီတိဖြစ်နေကြမှာပါ ။ ပရိသတ်ကြီး အတွက် ဟိန်းမင်းသူရဲ့ အလှူလေးကို ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Source & Photo Credit : Hein Min Thu Facebook Account
Source & Photo Credit : Hein Min Thu Facebook Account
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T