အမျိုးသမီးအများစုသည် အသက်အရွယ် ရလာသောအခါ (သို့မဟုတ်) အိမ်ထောင်ကျပြီးသည့်အခါ အဖြစ်အများဆုံး ရင်ဆိုင်ရတဲ့ ပြသနာကတော့ ရင်သားအိကျခြင်း ဖြစ်ပါတယ်။ အသက်အရွယ်ကြီးရင့်မှုကြောင့့် ရင်သားမှာ ကျုံ့နိုင်ဆန့်နိုင်အား မရှိတော့ဘဲ အိကျလာခြင်းမျိုး ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။

ဒီအချက်က အမျိုးသမီး အများစုအဖို့ ယုံကြည်မှု လျော့နည်းစေပြီး စိုးရိမ်ပူပန်မှုတွေ ဖြစ်စေပေါ်လာစေပါတယ်။ 

ဘာကြောင့် ဖြစ်ရတာပါလဲ … ?

ရင်သားအိကျခြင်းကို ဖြစ်ပေါ်စေတဲ့ အဓိက အကြောင်းအရင်းတွေကတော့ ကိုယ်ဝန်ဆောင်ခြင်း၊ ကလေးမွေးဖွားခြင်း၊ သွေးဆုံးခြင်း၊ ကျန်းမာရေးနဲ့မညီညွတ်သော နေ့စဉ်အစားအစာများ စားသုံးခြင်း၊ ကိုယ်အလေးချိန် ရုတ်တရက် တက်ခြင်း သို့မဟုတ် ကျဆင်းခြင်း၊ ပင်ပန်းမှုဒဏ်ကို ခံရခြင်း၊ စိတ်ဖိစီးမှု များလွန်းခြင်း အံဝင်ဂွင်ကျ မဟုတေ်သော အတွင်းခံ (ဘရာစီယာ)၊ အရက်သေစာ နဲ့ တခြားအရာများစွာ အပါ အကြောင်းရင်းများစွာတို့ရဲ့ အကျိုးရလဒ်တစ်ခုအဖြစ် ရင်သား ကျစ်လစ်တောင့်တင်းမှု ဆုံးရှုံးပါတယ်။ ကိုယ်ဝန်လွယ်အခါ ရင်သားအိတွဲကျစေတာက ကလေးကိုနို့တိုက်ခြင်းကြောင့် မဟုတ်ပါဘူး။ ကိုယ်အလေးချိန်တက်ခြင်းကြောင့်သာ ဖြစ်တယ်။

ရင်သားအိကျခြင်းကို သက်သာလျော့နည်းစေဖို့ နေ့စဉ် ပုံမှန် ဘာတွေ လုပ်သင့်လဲ ….. ?

၁။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။

၂။ ရေများများသောက်ပါ။

၃။ ကျန်းမာရေးနဲ့ကိုက်ညီတဲ့ နေစဉ်အစားအစာနဲ့ ပုံမှန်လေ့ကျင့်ခန်း ဆောင်ရွက်ပါ။

၄။ သလဲသီး သို့မဟုတ် ရှားစောင်းလက်ပတ်ဖြင့်လုပ်ထားတဲ့ ဆီ သို့မဟုတ် ခရင်မ်တွေ ပုံမှန်လိမ်းပါ။ 

အိမ်တွင်းကုထုံးအဖြစ် ဘာပြုလုပ်သင့်သလဲ …. ?

ပါဝင်ပစ္စည်းများ

- ဒိန်ချဉ် (၁) ခွက်

- ဗီတာမင် - အီး ဆီ ၂ လုံး

- ကြက်ဥ (၃) လုံး

ပြုလုပ်ပုံနည်းလမ်း

ပါဝင်ပစ္စည်းအားလုံးအတူတကွ ရောသမမွှေပါ။ ထိုသို့ ရောမွှေထားသော အနှစ်ဖြင့် ရင်သားကို ညင်သာစွာ နှိပ်နယ်ရင်း လိမ်းပေးရပါမယ်။ နာရီဝက်ခန့်ကြာအောင်ထားပြီးနောက် ရေအေးဖြင့် စင်ကြယ်စွာ ဆေးကြောပေးရပါမည်။ ထိုသို့ တစ်ပတ်ကို တစ်ကြိမ် ပြုလုပ်ခြင်းဖြင့် သင်၏ ရင်သားအိကျမှုကို ကာကွယ်နိုင်မှာ ဖြစ်ပြီး ရင်သားအိကျမှုကိုလည်း ပျောက်ကင်းစေမှာဖြစ်ပါတယ်။ 

တခြားကုထုံးနည်းများ အနေဖြင့်

၁။ ဒိုက်ထိုးခြင်း၊ အလေးမခြင်းစတဲ့ ရင်ဘတ်အသားပေး ကိုယ်ကာယလေ့ကျင့်ခန်း

၂။ ရင်သားနှိပ်နယ်ခြင်း ဖြစ်နိုင်ပါက ရေခဲနဲ့ဆို ပိုကောင်းပါတယ်။

၃။ သီးနှံဆီဖြင့် ရင်သားနှိပ်နယ်ခြင်း … စသည်တို့ကိုလည်း ပြုလုပ်နိုင်ပါတယ်။

ရင်သားအသွင် တဖြည်းဖြည်းနှင့် ပုံမှန်ပြောင်းလဲမှုကို နည်းလမ်းများစွာဖြင့် ကာကွယ်နိုင်ကြောင်းကို အထက်ပါနည်းလမ်းများဖြင့် ဖော်ပြပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။