Tom & Jerry အပါအ၀င် ကမ္ဘာအနှံမှာ ထုတ်လွှင့်ခွင့် ပိတ်ပင်ထားသော နာမည်ကြီး ကာတွန်းကားများ

//s9.kh1.co/83/83805ad99c1d68b6892b52e749508ad90eb9d148.jpg
ဗဟုသုတအဖြာဖြာ

 ၀၉-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

သင်ဟာ လူကြီးဖြစ်ဖြစ် ကလေးဖြစ်ဖြစ် သင့်အနေနဲ့ ကြိုက်တဲ့ကာတွန်းကားဟာ ရှိကိုရှိပါတယ်။ တချို့ကာတွန်းကားတွေကတော့ နိုင်ငံတချို့မှာ ပြသခွင့် ပိတ်ပင်ထားပါတယ်။ ဒါကြောင့် ဘယ်ကာတွန်ကားတွေက ဘာကြောင့် Ban ခံရတာလဲဆိုတာ အောက်မှာ ဆက်လက်ဖတ်ရှုကြည့်ပါအုန်း။

SpongeBob

https://s9.kh1.co/__image/w=650,h=493,q=100/44/44cf991518e51eb9f3cbb685511b2b8be2ab17f1.jpg

Ban ထားသောနိုင်ငံ - အမေရိကန်၊ ရုရှား၊ ဥရောပ၊ ဩစတေးလျနှင့် နောက်ပိုင်းတွင် နိုင်ငံပေါင်း ၁၂၀ ကျော်

အကြောင်းအရင်း - အကြမ်းဖက်ခြင်းနဲ့ မသင့်တော်တဲ့ စကားလုံးများ

အရေးယူဆောင်ရွက်မှု - အချို့ဇာတ်လမ်းတွဲများကိုနိုင်ငံများစွာတွင်ပိတ်ပင်ထားသည်။ ကိုယ့်ကိုကိုသတ်သေတဲ့ အပိုင်းကိုတော့ လုံး၀ထုတ်လွှင့်မှု ရုတ်သိမ်းခဲ့ပါတယ်။

ကာတွန်းများဟာ ပညာပေးဖြစ်သင့်ပြီးအပြုသဘောဆောင်ကာ ကြင်နာတတ်သောစရိုက်လက္ခဏာများ ရှိသင့်ပါတယ်။ Bikini Bottom သူရဲကောင်းတိုင်းမှာ သူတို့ရဲ့ကိုယ်ပိုင် ဆိုးဝါးတဲ့ လက္ခဏာတွေရှိပါတယ်။ ဒါတင်မကသေးပါဘူး၊ ဒီအတွက်ကြောင့် သူတို့ကိုဒဏ်ခတ်တာလည်း မရှိပါဘူး။ နိုင်ငံအတော်များများကသူတို့ရဲ့အနာဂတ်မျိုးဆက်သစ်တွေကို ဒီလိုမဖြစ်စေချင်ပါဘူး။

Tom and Jerry

https://s9.kh1.co/__image/w=650,h=493,q=100/c9/c9b3f90ae42805d3a7b66a190941938de6628ed1.jpg

Ban ထားသောနိုင်ငံ - ကမ္ဘာအနှံ

အကြောင်းအရင်း - ဆေးလိပ်သောက်ခြင်း၊ အရက်၊ အန္တရာယ်ဖြစ်စေသောပစ္စည်းအလွဲသုံးမှုနှင့်အကြမ်းဖက်ခြင်း

အရေးယူဆောင်ရွက်မှု - တချို့အပိုင်းတွေကို Ban တယ်၊ အခန်းတွေကို ဖျက်တယ်၊ ပြီးတော့ ဇာတ်ကောင်တွေကို ပြန်အစားထိုးပါတယ်။

နှစ် ၅၀ ထုတ်လွှင့်နေစဉ်အတွင်း အခန်းများစွာဟာ အဖျက်ခံရပြီး၊ အသုံးအနှုန်းတွေ ပြန်ပြောင်းခဲ့ရပါတယ်။ ၁၉၄၀ တုန်းက အမေရိကန်တွေရဲ့ ဘ၀ကိုပြသခဲ့တာကြောင့် ပြသခွင့်တောင် အပိတ်ခံရတာတွေရှိပါတယ်။ ဒါပေမယ့် လူတော်တော်များများကတော့ ဒီကာတွန်ကားရဲ့ အဓိကပြဿနာဟာ အပြစ်မရှိပဲ အပြစ်ပေးခံရတာကြောင့်လို့ သတ်မှတ်ကြပါတယ်။ Tomနဲ့ Jerry မှာ Tom ဟာ သူမလုပ်ပဲနဲ့တောင် အမြဲသူရဲ့ သခင် အပြစ်ပေးတာကိုခံရပြီး Jerry ကတော့ Tom ကိုလှောင်ပြောင်တဲ့အပြင် အနိုင်ကျင့်တာတွေတောင်ရှိပါတယ်။ ပြီးတော့ ဒီလိုလုပ်လို့လည်း Jerry ကိုဘယ်သူမှ အဆိုးမြင်ခြင်းမခံရပဲ အကောင်းမြင်ခြင်းကိုပင် ခံရပါတယ်။

The Simpsons

https://s9.kh1.co/__image/w=650,h=493,q=100/66/666a0b1f5262d2d39203b301433a92814e2cb7b4.jpg

Ban ထားသောနိုင်ငံ - USA နှင့် Brazil တို့တွင်ပထမဦးဆုံးဖြစ်ပြီး နောက်ပိုင်းတွင်ကမ္ဘာအနှံ့

အကြောင်းအရင်း - အကြမ်းဖက်မှု၊ မိသားစုတန်ဖိုးကုိ အရှက်ခွဲခြင်း၊ မတရားသောအပြုအမူနှင့်အများပြည်သူဆိုင်ရာပုဂ္ဂိုလ်များနှင့်နိုင်ငံများအားစော်ကားခြင်း

အရေးယူဆောင်ရွက်မှု - တချို့အပိုင်းတွေဟာ ထုတ်လွှင့်မှု ရုတ်သိမ်းခံရပြီး တစ်နိုင်ငံနဲ့တစ်နိုင်ငံတော့ ထုတ်လွှင့်မှုဖြတ်ခံရတဲ့အပိုင်း မတူညီပါဘူး။

ဒီကာတွန်းနဲ့ပတ်သက်ပြီး အမေရိကန်မှာအငြင်းအခုံတွေ အများကြီးရှိနေပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ မိသားစုတန်ဖိုးများကျဆင်းခြင်းနှင့် ကလေးများရဲ့ အပြုအမူအတွက်လုံလောက်သောဥပများ ( Bart Simpson လိုမ‌ျိုး ) ကြောင့်ဖြစ်ပါတယ်။ Rio ခရီးသွားလုပ်ငန်းဌာနက အပိုင်းတစ်ပိုင်းနဲ့ ပတ်သက်ပြီးတော့ ကာတွန်းဖန်တီးသူကို တရားဆွဲဖို့ထိတောင် ရှိခဲ့ပါတယ်။ ဇာတ်လမ်းအရဇာတ်ကောင်တွေအနေနဲ့ ဘရာဇီမြို့သွားတာကို ခုန်နေတဲ့ မျောက်တွေနဲ့ တောထဲကို သွားတဲ့ပုံဖော်ထားပါတယ်။ ဒီအပိုင်းကို ဘရာဇီးမှာ ပြသမှု ပိတ်ထားတုန်းပါပဲ။ ကာတွန်ကားအနေနဲ့ ခုလို လွတ်လပ်စွာ ဖော်ပြခွင့်အတွက် ရုန်းကန်းနေရပေမယ့်လည်း ဇာတ်လမ်းရေးဆရာများဟာ အချို့နိုင်ငံများအပေါ် အတော်လေးယဉ်ကျေးပါတယ်။ UAE ထုတ်လွှင့်မှုများတွင် Homer ဟာ ဘီယာမသောက်သလို ၀က်ပေါက်ခြောက်ကိုလည်း မစားပါဘူး။ ဒါ့အပြင် Vatican City ဟာ ဒီစီးရီးကို "လက်တွေ့ကျပြီးစမတ်ကျသည်" ဟုသတ်မှတ်ထားပါတယ်။

Looney Tunes

https://s9.kh1.co/__image/w=650,h=493,q=100/4e/4edc9dadc6cb9a93ae002a1f638e202f96f9312d.jpg

Ban ထားသောနိုင်ငံ - ကမ္ဘာအနှံ

အကြောင်းအရင်း - အရက်သောက်ခြင်း

အရေးယူဆောင်ရွက်မှု - အပိုင်းကို ထုတ်လွှင့်မှု ရုပ်သိမ်း

"ဘီယာတစ်လုံး" လို့ခေါ်တဲ့ ဒီအပိုင်းဟာ အတော်လေးကို ကြာနေပြီဖြစ်ပါတယ်။ ဇာတ်ကောင်တွေဟာ ဘီယာတစ်လုံးကို ခိုးပြီး အကုန်သောက်လိုက်ကြတာဖြစ်ပါတယ်။ Creators အနေနဲ့ ဒီအပိုင်းနဲ့ပတ်သက်ပြီး ကလေးတွေကို ဘာပြချင်တာလဲတော့ မသိပါဘူး။ ယနေ့ချိန်ထိ မဖြေရှင်းနိုင်တဲ့ ကိစ္စတစ်ခုလို ဖြစ်နေပါတယ်။ ဘာပဲဖြစ်ဖြစ် TV မှာ ဒီအပိုင်းကို ထုတ်လွှင့်မှု ပိတ်ထားပေးမယ့် DVD နဲ့တော့ကြည့်လို့ရပါသေးတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/e2/e2b9b715d3b36e42cc7165196ef144bae9dbdd34.jpg

Gravity Falls

https://s9.kh1.co/__image/w=650,h=493,q=100/f4/f46a7d47cad998455938cd533f48deac66a9c64a.jpg

Ban ထားသောနိုင်ငံ - ရုရှား

အကြောင်းအရင်း - အကျင့်ဆိုးများ၊ အကြမ်းဖက်မှုနှင့် ညစ်ညမ်းရုပ်ပုံဝါဒဖြန့်မှုများ

အရေးယူဆောင်ရွက်မှု - အခန်းတချို့ကို ဖျက်ခဲ့ပြီး စကားလုံး အချို့ကို ပြန်အစားထိုးခဲ့ပါတယ်။

ဒီကာတွန်းကို ရုရှားမှာကြည့်နိုင်ပါတယ်၊ ဒါပေမယ့် တိုတိုလေးပါပဲ။ ဒီကားရဲ့ ဟာသများဟာ အလွန်အောက်တန်းမကျပါ၊ အသက်အရွယ်ထောက်ခံချက်ဟာလည်း ၁၂+ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ ဒုတိယအပိုင်းမှာ Dipper ဟာ Wendy ရဲ့ Bra အပေါ်ကို လှဲမိခဲ့ပါတယ်။ ဒီကားထဲက ကောင်မလေးက အသက် ၁၅ နှစ်ဖြစ်ပါတယ်။ ဒီအခန်းကိုမြင်လိုက်တဲ့အခါ ကြည့်ရှုသူတွေလည်း အံ့ဩခဲ့ပါတယ်။ ဒီအခန်းကိုဖြတ်လိုက်ပေမယ့် ဇာတ်လမ်းကိုတော့ မထိခိုက်ခဲ့ပါဘူး။

Pokemon

https://s9.kh1.co/__image/w=650,h=493,q=100/fe/fe9d46a3b5943fa7e3397a4665ae48f4e291626d.jpg

Ban ထားသောနိုင်ငံ - ဂျပန်၊ တူရကီနှင့် အာရပ်အဖွဲ့ချုပ်

အကြောင်းအရင်း - ကလေးများ၏ကျန်းမာရေးကိုထိခိုက်စေသည်။

အရေးယူ ဆောင်ရွက်မှု - TV မှာ အပိုင်းတစ်ခုလုံးကို Ban လိုက်ပါတယ်။

အပိုင်းတစ်ပိုင်းမှာဆိုရင် 12 Hz ကြိမ်နှုန်းနှင့်အတူ အပြာရောင်နှင့်အနီရောင်တောက်တောက်များ ပါ၀င်တဲ့ ထူးဆန်းပေါက်ကွဲမှု တစ်ခုဖြစ်ခဲ့ပါတယ်။ ရလဒ်အနေနှင့် နောက်ပိုင်းတွင်ကလေးများဟာ သူတို့ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ညည်းညူလာကြပါတယ်။ ရောဂါလက္ခဏာအချို့မှာ တစ်စိတ်တစ်ပိုင်းအမြင်အာရုံဆုံးရှုံးခြင်း၊ တက်ခြင်းနှင့် သတိလစ်ခြင်းတို့ဖြစ်ပါတယ်။ ကလေးငယ် ၆၀၀ ကျော်ကိုလည်း ‌ဆေးရုံးတင်ခဲ့ရပါတယ်။ ဒီဇာတ်လမ်းအပိုင်းကို တီဗီမှာ ပိတ်ပင်ခဲ့ပြီး ဒီအဖြစ်အပျက်ကို "Pokemon Shock" လို့ခေါ်ကြပါတယ်။

သတင်း အရင်းအမြစ်Bright side

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T