ဦးနှောက်ကို ထိခိုက်စေနိုင်သော အတွေးများ တစုံတခုကို လွယ်ကူ ပါတယ်လို့စဉ်းစားမိတဲ့အခါ ကျွနု်ပ် တို့သည်ပိုကောင်းမွန်တဲ့ ဖြေရှင်းနည်းတွေ ရှာဖွေဖို့ကို ရပ်တန့်လိုက်ပါတယ်။ ထိုအခါ ကျွန်ုပ်တို့သည် အောင်မြင်မှု၊ ကျရှုံးမှုကို ဆုံးဖြတ်ပေးနိုင်မယ့် အသေးစိတ် အချက်အလက် တွေကို သတိမထားမိတော့ပါဘူး။“အဲဒါ အဆင်ပြေ ပါတယ်..” သင်တခုခုကို အမှန်တကယ် သဘောတူတဲ့အခါမျိုးမှာ ဒီလိုမျိုးပြောတတ် ပါတယ်။ ပြဿနာတခုက ကိုယ့်အတွက် အဆင်မပြေ နိုင်တဲ့ အရာဆိုရင်တောင် အဆင်ပြေ ပါတယ်ဆိုပြီး ကိုယ့်ကိုယ်ကို ပြောမိတတ်ပါတယ်။ ဒီလိုမျိုးပြောလိုက်တဲ့အခါ သင်ရဲ့ ဦးနှောက် က တခြားအဆင်ပြေပြီး ပိုကောင်းမွန် တဲ့ နည်းလမ်း တွေကို ရှာဖွေဖို့မကြိုးစားတော့ပါဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကိုရိုးသားပါ ကိုယ့်အတွက် အဆင်မပြေနိုင်တဲ့အရာတွေကို လက်မခံပါနဲ့။

အခက်အခဲ တစ်စုံတစ်ရာတွေ့တာနဲ့ ငါ မသိတော့ဘူး ငါမဖြေရှင်းတတ်တော့ဘူး လို့ပြောမိတတ်ပါတယ်။ ဒီအခါမှာ ကျွန်ုပ်တို့ ဦးနှောက် က ဖြေရှင်းဖို့နည်းလမ်းတွေ စဉ်းစားတဲ့အလုပ်ကို မလုပ်တော့ပါဘူး။“ဒါကို မကြိုက်ဘူး အဆင်မပြေ ဘူး” လို့ပဲထပ်ခါထပ်ခါပြောနေတဲ့အခါမှာ ဦးနှောက် က ဘာကြောင့်အဆင် မပြေတာလဲဆိုတဲ့ အကြောင်းအရင်းကို မရှာမိတော့ပါဘူး။သင်က မဖြစ်နိုင်ပါဘူးလို့စဉ်းစားမိတဲ့အခါ ဖြစ်နိုင်ချေတွေအားလုံးကို သင့် ဦးနှောက် ကမစဉ်းစားပေးတော့ပါဘူး။ မကြိုးစားကြည့်ပဲနဲ့တော့ မဖြစ်နိုင်ပါဘူးလို့ မပြောသင့်ပါဘူး။ “မလုပ်နိုင်ပေမယ့် ငါကြိုးစားကြည့်မယ်” ဒီလိုမျိုးကိုယ့်ကိုယ်ကို ပြောပြီး ကြိုးစားသင့်ပါတယ်။

သတင်းအရင်းမြစ် lwin pyin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။