အနုပညာအလုပ်တွေအပြင် ဇနီးဖြစ်သူနဲ့အတူ ကိုယ်ပိုင်စီးပွားရေးတွေလည်း လုပ်ဆောင်နေတဲ့ သရုပ်ဆောင်ဘုန်းလျှံကတော့ လတ်တလောမှာလည်း လှူဒါန်းမှုတွေ မကြာခဏပြုလုပ်နေတာ တွေ့ရပါတယ်။
ဒီကနေ့ စက်တင်ဘာ(၉)ရက်နေ့မှာတော့ အရှင်ဥာဏိဿရ ကန်သာယာတောရ- တိုက်ကြီးကျောင်းမှာ နေ့ဆွမ်းနဲ့ တခြားစားသောက်ကုန် အခြောက်များ လှူဒါန်းကုသိုလ်ယူခဲ့တယ်လို့ သိရပါတယ်။
မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူ နေ့ဆွမ်းကပ်လှူခဲ့တဲ့အပြင် ဝတ္တုငွေတွေနဲ့ ဆန်၊ ကြက်သွန်နဲ့ အခြားစားသောက်ကုန်အခြောက်တွေကိုလည်း လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
ဘုန်းလျှံတို့ ဇနီးမောင်နှံဟာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း သဇင်မြိုင်တောရကျောင်းမှ သံဃာတော် အရှင်သူမြတ်တွေအတွက် တတ်နိုင်သမျှ နေ့ဆွမ်းကပ်လှူခဲ့တာ တွေ့ရပါတယ်။
သူ့ရဲ့အလှူပုံရိပ်လေးတွေကိုတော့ ဘုန်းလျှံက ပရိသတ်တွေ ဝမ်းသာစွာမုဒိတာပွား ကုသိုလ်ယူနိုင်ကြစေဖို့အတွက် ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်။
ခရီးနည်းနည်းလှမ်းတာကြောင့် သံဃာတော်များကို ဆွမ်းဟင်း လောင်းလှူချင်သူများအတွက်လည်း "အရှင်ဉာဏိဿရ 09422660969" ကိုဆက်သွယ်လှူဒါန်းနိုင်တဲ့အကြောင်း ဝေမျှထားပါသေးတာကြောင့် လှူဒါန်းကုသိုလ်ယူနိုင်ကြစေဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။
သတင်း အရင်းအမြစ်៖ Bhone Hlyan's Fb Acc