ကမ္ဘာကျော် ဘောလိ၀ုဒ်မင်းသား အာမီခန်း ကို မြင်လိုက်တာနဲ့ 3 Idiots ဇာတ်ကားကို သွားပြီး ပြေးမြင်မိလိုက်မှာပါ။

ငယ်ရွယ်စဉ်ကထဲက သူရိုက်ကူးခဲ့တဲ့ ဇာတ်ကားတိုင်းမှာ လူကြိုက်များခဲ့တဲ့ မင်းသားတစ်လက်ဖြစ်ပြီး လက်ရှိအချိန်ထိလည်း ဟောလိ၀ုဒ်အထိ နာမည်ကြီးနေသူဖြစ်ပါတယ်။

အာမီခန်း (Aamir Khan) နဲ့ ကီရန်ရာအိုတို့ဟာ လက်တလောမှာ ကူးစက်ရောဂါပိုး H1N1 ကူးစက်ခံထားရကြောင်း သူတို့စုံတွဲက ဗီဒီယိုကွန်းဖရန့်ကနေတစ်ဆင့် ပြောကြားခဲ့တာဖြစ်ပါတယ်။

သူတို့ဇနီးမောင်နှံဟာ အိန္ဒိယနိုင်ငံ Pune မြို့မှာကျင်းပတဲ့ Satyamev Jayate Water Cup ပွဲကို ကျန်းမာရေးမကောင်းလို့ မတက်ရောက်နိုင်ကြောင်းနဲ့ သူတို့ H1N1 ကူးစက်ခံထားရတယ်လို့ သြဂုတ်လ ၆ ရက်နေ့မှာ ပြောခဲ့တာပါ။

“ကျွန်တော်တို့အတွက် ဒီနေ့က အရမ်းပျော်စရာကောင်းတဲ့နေ့ပါ။ ဒါပေမဲ့ တစ်နှစ်လုံး ကြိုါ်စားခဲ့ပြီးမှ ဒီလိုနေ့မျိုးကို အတူတကွ မကျင်းပနိုင်တာ ကျွန်တော်တို့ ဝမ်းနည်းပါတယ်။ ကျွန်တော်တို့မှာ H1N1 ဗိုင်းရက်စ်ပိုး ရှိနေတယ်။ ဒါကို ဝက်တုတ်ကွေးလို့လည်း ခေါ်ကြတယ်။ ဒီရောဂါပိုးက

အလွယ်တကူကူးစက်နိုင်တဲ့အတွက် တစ်ပတ်လောက် ဘယ်သူနဲ့မှမတွေ့ဘဲ နေရမယ်” လို့ အာမီခန်းက ပြောခဲ့တာဖြစ်ပါတယ်။

Satyamev Jayate Water Cup ဟာ သူတို့ဇနီးမောင်နှံ ဦးစီးတဲ့ NGO အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Paani Foundation က ကြီးမှူးကျင်းပတဲ့ ပွဲဖြစ်ပါတယ်။ ဒီပွဲဟာ ရေ၊မြေ၊တောတောင်နဲ့ သဘာဝအရင်းအမြစ်တွေ ကောင်းမွန်ဖို့အတွက် ပြိုင်ပွဲပြုလုပ်ကျင်းပတာဖြစ်ပါတယ်။ ဒီပွဲမှာ စုစုပေါင်း ကျေးရွာ ၁၃,၀၀ ရွာပါဝင်တယ်လို့ သိရပါတယ်။

H1N1 နဲ့ ပတ်သက်တဲ့သတင်းကတော့ အိန္ဒိယနိုင်ငံ၊ မဟာရက်ရ်တရာပြည်နယ်မှာ လူပေါင်း ၃,၅၀၀ ကူးစက်ခံထားရပြီး သေဆုံးသူ ၃၆၆ ဦးရှိနေပြီလို့ သိရပါတယ်။ မွမ်ဘိုင်းမှာတော့ ၈၅၀ ဦး ကူးစက်ခံရကာ သေဆုံးသူ ၁၆ ဦးရှိနေပြီလို့ သိရပါတယ်။ 

သတင်းအရင်းမြစ် Duwun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။