သူမရဲ့ပထမဆုံးတစ်ကိုယ်တော် Album မှာ ထိုင်းရိုးရာအငွေ့အသက်တွေနဲ့ သီးသန့်ဖန်တီးထားတဲ့ ရွှေရောင်ဝတ်စုံလေးကို အမြတ်တနိုးဝတ်ဆင်ခဲ့တဲ့ Lisa

//s9.kh1.co/9b/9b8220e66a66f2144fe7007dbb495acabadbad18.jpeg
အနုပညာရှင်များ

 ၁၀-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

သူမရဲ့ပထမဆုံးတစ်ကိုယ်တော် Album မှာ ထိုင်းရိုးရာအငွေ့အသက်တွေနဲ့ သီးသန့်ဖန်တီးထားတဲ့ ရွှေရောင်ဝတ်စုံလေးကို အမြတ်တနိုးဝတ်ဆင်ခဲ့တဲ့ Lisa

BLACKPINK အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Lisa ကတော့ ထိုင်းလူမျိုးတစ်ယောက်ဖြစ်ပြီး ထိုင်းနိုင်ငံဂုဏ်ကိုဆောင်နိုင်တဲ့အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။Lisa က သူမရဲ့တစ်ကိုယ်တော် Album အတွက်လည်း ပြီးခဲ့တဲ့လတွေကတည်းက အသေးစိတ်သေချာပြင်ဆင်နေခဲ့တာဖြစ်ပါတယ်။စက်တင်ဘာလ (၁၀)ရက်၊ဒီနေ့မှာတော့ Album ရဲ့Title သီချင်း "Lalisa" MVကို YouTube တွင်တင်လာခဲ့တာဖြစ်ပါတယ်။အဲ့ဒီ MV ကတော့ တင်ပြီး တစ်နာရီအကြာမှာပဲ 10M View ရှိခဲ့တာဖြစ်ပါတယ်။

Photo Credit:Blackpinkoffical’s Fb page
Photo Credit:Blackpinkoffical’s Fb page
Photo Credit:Blackpinkoffical’s Fb page
Photo Credit:Blackpinkoffical’s Fb page
Photo Credit:Blackpinkoffical’s Fb page
Photo Credit:Blackpinkoffical’s Fb page

Lisa ရဲ့ MV ထဲမှာတော့ နီယွန်မီးတွေထွန်းထားတဲ့မြို့လမ်းကြားများမှာလမ်းလျှောက်ခြင်း၊သဲကန္တာရတွင် ATV စီးခြင်းစတာတွေအပြင် သူမရဲ့ကကွက်တွေကလည်း အမိုက်စားဖြစ်ပါတယ်။ဒါ့အပြင် Lisa က ဗီဒီယိုဖိုင်မှာလည်းသူမရဲ့ဇာတိထိုင်းနိုင်ငံရဲ့ယဉ်ကျေးမှုကို လေးစားကြောင်းပြသထားသေးတာဖြစ်ပါတယ်။MV ထဲမှာဝတ်ဆင်တဲ့သူမရဲ့ဝတ်စုံဒီဇိုင်းတွေကိုလည်း သေချာပြင်ဆင်ထားပြီး ထိုင်းရိုးရာအငွေ့အသက်ပါဝင်တဲ့ ဝတ်စုံကိုလည်းတောက်ပစွာဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။

Photo Credit:Blackpinkoffical’s Fb page
Photo Credit:Blackpinkoffical’s Fb page
Photo Credit:Blackpinkoffical’s Fb page
Photo Credit:Blackpinkoffical’s Fb page

Lisa ဝတ်ဆင်ထားတဲ့ ထိုင်းဝတ်စုံလေးကတော့ ခေတ်နဲ့လျော်ညီစွာသေချာပြင်ဆင်ထားပေမယ့် ထိုင်းရိုးရာလေးရောယှက်ထားတာဖြစ်ပါတယ်။ဝတ်စုံအရောင်က ရွှေရောင်ဖြစ်ပြီး Lisa အတွက် သီးသန့်ထုတ်လုပ်ထားတာဖြစ်ပါတယ်။Lamphun ပြည်နယ်က ထိုင်းရွှေပိုးနဲ့ချုပ်လုပ်ထားပြီး ကျောက်မျက်ရတနာတွေနဲ့လည်း အနုစိတ်ပြင်ဆင်ထားတာဖြစ်ပါတယ်။ထိုင်းမလေး Lisa ကတော့ သူမရဲ့ ပထမဆုံးတစ်ကိုယ်တော် Album မှာ ထိုင်းရိုးရာဝတ်စုံလေးကို အမြတ်တနိုးဝတ်ဆင်ခဲ့တဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Blackpinkoffical’s Fb page
Photo Credit:Blackpinkoffical’s Fb page
Photo Credit:Blackpinkoffical’s Fb page
Photo Credit:Blackpinkoffical’s Fb page
Photo Credit:Blackpinkoffical’s Fb page
Photo Credit:Blackpinkoffical’s Fb page

Source&Photo Credit:Blackpinkoffical’s Fb page

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T