ကမ္ဘာပေါ်က အနက်ရှိုင်းဆုံး ဥမင်တွေထဲကတစ်ခုဖြစ်တဲ့ Krubera ဥမင်

//s9.kh1.co/3f/3f419513bc19316644a8d4a6642fa6106879a788.jpg
ဗဟုသုတအဖြာဖြာ

 ၁၀-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

Krubera ဥမင်ဟာ ကမ္ဘာပေါ်မှာရှိတဲ့ အနက်ရှိုင်းဆုံးသော ဥမင်တွေအဖြစ် သတ်မှတ်ခံထားရတဲ့ ဥမင်တွေထဲက တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။

ဒီ Krubera ဥမင်ဟာ ရုရှားနိုင်ငံတောင်ပိုင်း Gagra ခရိုင် အနောက်ကော့ကေးဆပ်ရှိ Arabika Massif မှာတည်ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=425,q=100/4c/4c3b936e74f8b0074d6c8981fcc01e7578bc1960.jpg

၂၀၀၁ ခုနှစ်လောက်တုန်းကဆိုရင်လည်း ယူကရိန်း Speleological လေ့လာရေးအဖွဲ့ဟာ ဒီဥမင်ထဲကိုဆင်းပြီး လေ့လာစူးစမ်းခဲ့ကြပါတယ်။

သူတို့လေ့လာတုန်းကတော့ ဒီဥမင်ရဲ့အနက် ၅၆၁၀ ပေလောက်အထိရောက်ရှိခဲ့ပြီး အဲ့အချိန်ထဲက ဒီဥမင်ဟာကျော်ကြားလာခဲ့တာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/94/94620a319fafb7a747a80fce2347196bd5ed3457.jpeg

၂၀၀၇ ခုနှစ်လောက်မှာတော့ ယူကရိန်းရေငုပ်သမား Gennadiy Samokhin ပါဝင်သည့်အဖွဲ့က ထပ်မံလေ့လာခဲ့ကြပါတယ်။

လေ့လာမှုအပြီးမှာတော့ သူတို့ဟာ ဒီဥမင်ရဲ့အနက်ကို ၂၁၉၇ မီတာရှိတယ်လို့ သတ်မှတ်ခဲ့ကြပါတယ်။

အဲ့ဒီနောက်မှာတော့ ဒီ Krubera ဥမင်ဟာ အနက်ကို ၂၁၉၇ မီတာ (၇၂၀၈ ပေ) နဲ့မှတ်တမ်းဝင်ခဲ့ပြီး ကမ္ဘာပေါ်မှာရှိတဲ့ မီတာ ၂၀၀၀ အထက်နက်ရှိုင်းတဲ့ ဥမင်တစ်ခု ​ဖြစ်လာခဲ့ပါတယ်...

https://s9.kh1.co/__image/w=650,h=867,q=100/7b/7beddc77760053785e9c27cd67a387d5f347290e.jpeg
https://s9.kh1.co/__image/w=543,h=800,q=100/ac/acc2b3a136f25d22826d039bb45c68136be6ae66.jpeg

သတင်း အရင်းအမြစ်Wikipedia

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T