တစ်သက်လုံး ဆပ်ရင်တောင် မကြေတဲ့ အကြွေးတွေနဲ့ ကမ္ဘာ့အဆင်းရဲဆုံး ဘီလျံနာ

//s9.kh1.co/de/deb1c2cedd02640732ca3d1044d437e94fe35677.jpg
ဗဟုသုတအဖြာဖြာ

 ၁၀-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

လူပေါင်း ၆၈၉ သန်းကြားမှာ လူတစ်ယောက်ဟာ တစ်ရက်ကို $1.90 သာရတဲ့ သူတွေရှိပါတယ်။ ဒါပေမယ့် အဲ့ဒီလူတွေထဲမှာ Jerome Kerviel ဆိုတဲ့ ကမ္ဘာ့အဆင်းရဲဆုံး ဘီလျံနာတစ်ယောက်လည်း ရှိပါတယ်။ သူ့ကို Pont-l'Abbé, Brittany, France တွင် ၁၉၇၇ ခုနှစ်၊ ၁၁ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ ဒီလူကတော့ ကမ္ဘာ့အချမ်းသာဆုံးလူတွေကြားမှာ ထိပ်ဆုံးမရှိပေမယ့် အကြွေးစားရင်းနဲ့ဆိုရင်တော့ သူဟာ ထိပ်ဆုံးမှာ ရှိနိုင်ပါတယ်။ Jerome Kerviel ဟာ ချမ်းသားတဲ့သူဖြစ်ပေမယ့် ဆင်းရဲသားဘ၀ကို ရောက်ရှိသွားခဲ့ရတာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=488,h=274,q=100/81/8144eaa2beab6c657703024e6386d927f7ddb726.jpg
https://s9.kh1.co/__image/w=650,h=366,q=100/de/de36efbf77068a5321ec7ff8809bc2dbecb9d172.jpeg

လူတော်တော်များများဟာလည်း ဘီလျံနာတစ်ယောက်အနေနဲ့ ညတွင်းချင်း ပိုင်ဆိုင်သမျှဆုံးရှုံးသွားတဲ့ ဖြစ်ရပ်ကို မတွေးပဲမနေနိုင်ကြပါဘူး။ သူဟာပြင်သစ်အာဏာပိုင်များထံမှာ ထောင်ဒဏ်သုံးနှစ်ချမှတ်ခံရတဲ့ Societe Generale ရဲ့တည်ထောင်သူဖြစ်ပြီး Trader ဟောင်းတစ်ဦးလည်းဖြစ်ပါတယ်။ တရားမ၀င် သဘောတူညီချက်များ၊ လိမ်လည်မှုများနှင့် အခြားလုပ်ငန်းများမှာ ဒေါ်လာ ၇၃ ဘီလီယံသုံးစွဲခဲ့ပြီးနောက် သူဟာ အကြွေးဒေါ်လာ ၄.၉ ဘီလီယံတင်ခဲ့ပါတယ်။ ရလဒ်အနေနဲ့ သူဂာ ကမ္ဘာ့အကြွေးအထူးဆုံးလူသားဖြစ်ခဲ့ပြီး ကမ္ဘာ့အဆင်းရဲဆုံး လူသားဖြစ်ခဲ့ပါတယ်။ သူဟာ ထောင်၃နှစ် ကျခံရကာ ၂ နှစ်နဲ့ပြန်ထွက်လာပြီးနောက် သူရသမျှပိုက်ဆံတွေဟာ သူ့ဘ၀တစ်လျှောက်လုံး အတိုးတွေနဲ့ အကြွေးဆပ်ရဖို့ပဲ ရှိနေပါတော့တယ်။

https://s9.kh1.co/__image/w=650,h=366,q=100/49/491a401223eae0121174646b1a37229feeeefcde.webp
https://s9.kh1.co/__image/w=650,h=434,q=100/ff/ffb26e85f61e147c0e765ada49392bbfa1d4cc3d.jpg

တစ်သက်လုံးဆပ်ရင်တောင် သူ့အနေနဲ့ကြေမှာ မဟုတ်တော့တာကြောင့် သင့်အနေနဲ့ သူ့ကို ကမ္ဘာ့အဆင်းရဲဆုံး လူသားလို့ သတ်မှတ်လို့ရပါတယ်။ ဒါပေမယ့်လည်း သူအခြေအနေကို African က ကလေးတွေနဲ့ ဒါမှမဟုတ် အာရှနိုင်ငံက ကလေးတွေနဲ့ ယှဉ်ကြည့်လိုက်ပါ။ အဲ့နိုင်ငံတွေမှာ အိမ်ခြေရာမဲ့နေတဲ့ ကလေးတွေနဲ့ လူငယ်များစွာ ရှိပါတယ်။ တစ်ရက်ကို ၁ ဒေါ်လာလောက်နဲ့ အစာမရှိ၊ ရေမရှိ၊ အဝတ်အစားမရှိ၊ နေစရာ အမိုးအကာမရှိကြတဲ့ သူတွေပါပဲ။ အဲ့လူတွေကိုသာ Jerome Kerviel နဲ့ နေရာလဲမလားဆို လဲမယ်လို့ ပြောမယ့်သူကြီးပါပဲ။ သူရဲ့ ၀င်ငွေဟာ ဒေါ်လာ ၆.၇ ဘီလီယံရှိပေမယ့်လည်း သူဟာ ဘ၀တစ်လျှောက်လုံး ဆပ်မကုန်တဲ့ အကြွေးတွေနဲ့သူမို့ အဆင်းရဲဆုံး ဘီလျံနာလို့ပြောရမှာပါပဲ။

https://s9.kh1.co/__image/w=650,h=650,q=100/1e/1eccf91e9dd1aa52f2b7a34c5fe54ffc898e3b8a.jpg

သတင်း အရင်းအမြစ်Rnn.ng

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T