တစ်ယောက်တည်းခက်ခဲစွာရုန်းကန်နေရတဲ့ အသက် (၈၀) ကျော်အဖွားအတွက် လိုအပ်တာတွေထောက်ပံ့ပေးခဲ့တဲ့ ဝေဠုကျော်

//s9.kh1.co/99/9985918b2b2a125fbb5b0338aea3aa641c43c578.png
အနုပညာရှင်များ

 ၁၀-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

..

အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ဘေးနားမှာပြုစုစောင့်ရှောက်ပေးမယ့်လူတစ်ယောက် လိုအပ်လာတတ်ပါတယ်။ ဒီနေ့မှာလည်း အဖိုးအဖွားနှစ်ယောက်တည်းနေထိုင်ပြီး ကျောထောက်နောက်ခံ သားသမီးလည်းမရှိတဲ့ဘဝမှာ အဖိုးဆုံးပါးသွားတာကြောင့် တစ်ယောက်တည်းဒုက္ခပင်လယ်ဝေနေတဲ့ အဖွားအတွက် လိုအပ်တာလေးတွေကို ဝေဠုကျော်ဖောင်ဒေးရှင်းက သွားရောက်ကူညီပေးခဲ့ပါတယ်။ အဖိုးဆုံးပါးသွားပြီးနောက် အနီးအနားမှာရှိတဲ့အိမ်တွေက အဖွားကိုစောင့်ရှောက်ထားခဲ့ကြတာဖြစ်ပါတယ်။

Photo Credit - Wai Lu Kyaw Foundation's FB Acc
Photo Credit - Wai Lu Kyaw Foundation's FB Acc

ဒီလိုကျပ်တည်းနေတဲ့ကာလဖြစ်တာကြောင့် ရေရှည်ထောက်ပံ့တာတွေမလုပ်ပေးနိုင်တာမို့ အကူအညီ တောင်းခံလာတဲ့အပေါ်မှာ သွားရောက်ကူညီပေးခဲ့တာပဲဖြစ်ပါတယ်။ ဆုံးပါးသွားတဲ့အဖိုးအတွက် (၁) လပြည့် အလှူလေးလုပ်ချင်တဲ့အဖွားအတွက် ငွေကျပ်တစ်သိန်းလှူဒါန်းပေးခဲ့တဲ့အပြင် လတ်တလော စားသောက်ရေးအတွက် ဆန် (၃) ပြည်၊ ဆီ (၅၀) သား၊ ကြ က်ဥ (၃၀) လုံးနဲ့ အဝတ်အထည်များကိုလည်း သွားရောက်လှူပေးခဲ့ပါတယ်။

Photo Credit - Wai Lu Kyaw Foundation's FB Acc
Photo Credit - Wai Lu Kyaw Foundation's FB Acc

ဒီလိုလာရောက်လှူဒါန်းကြတဲ့အတွက်ကြောင့် အဖွားအတွက်လည်း အထိုက်အသင့် အဆင်ပြေသွားခဲ့ပါ တယ်။ အကူအညီလိုအပ်နေသူတွေကို အမြဲတမ်းကူညီပေးနေတဲ့ ဖောင်ဒေးရှင်းတစ်ခုဖြစ်ပါတယ်။ လှူဒါန်းသူတွေရဲ့စေတနာငွေကြေးတွေကို လိုအပ်နေသူတွေထံအရောက်ပို့ပေးတဲ့ စေတနာရှင်လည်း ဖြစ်ပါတယ်။ အဖွားဆီကို ကိုယ်တိုင်ကိုယ်ကျအရောက်သွားပြီး လှူဒါန်းပေးခဲ့တဲ့ ပရဟိတမင်းသားကြီး ဝေဠုကျော်ရဲ့ပုံရိပ်တွေကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit - Wai Lu Kyaw Foundation's FB Acc
Photo Credit - Wai Lu Kyaw Foundation's FB Acc

သတင်း အရင်းအမြစ်Wai Lu Kyaw Foundation's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T