Artist တစ်ယောက်ဆိုသလို ကျောက်တုံးကြီးတစ်တုံးနဲ့ မင်္ဂလာဆောင်ခဲ့တဲ့ အမျိုးသမီး

//s9.kh1.co/4c/4c65abe4de0c3488ddca809495d063c9edaf8ba0.jpg
ဗဟုသုတအဖြာဖြာ

 ၁၀-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

Tracey Emin ရဲ့ ယောက်ျားဖြစ်သူဟာ စကားလည်းမ‌ပြောသလို မီးပူလည်းမတိုက်ပါဘူး။ ဒါပေမယ့် သစ္စာတော့ရှိပါတယ်၊ ဘာကြောင့်လဲဆို သူက ကျောက်တုံးမို့ပါ။ ဟုတ်ပါတယ်၊ သူမရဲ့ ယောကျာ်းဟာ ကြီးမားတဲ့ ကျောက်တုံးကြီး တစ်တုံးဖြစ်ပါတယ်။ သူမရဲ့နောက်ဆုံးပြပွဲတစ်ခုအနေနဲ့ I Cried Because I Love You ကိုဟောင်ကောင်မှာဖွင့်လှစ်ခဲ့ပါတယ်။ သူမရဲ့အနုပညာဘ၀ဟာ သူမကို ထင်ရှားစေခဲ့ပြီး နွေရာသီ တစ်ခုမှာ သူမဟာ ပြင်သစ်ရှိ သူမရဲ့ ဥယျာဉ်က ကျောက်တုံးကြီးနဲ့ လက်ထပ်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/1a/1aafdf1932e4cb3c2333001585a380b1f3619ecb.jpeg
https://s9.kh1.co/__image/w=650,h=656,q=100/04/0483dc724e1ccd81007894e2590732a72e300f96.jpg

“ ပင်လယ်ကိုမျက်နှာမူထားတဲ့ တောင်ကုန်းတစ်နေရာမှာ အလွန်လှပတဲ့ ရှေးဟောင်းကျောက်တုံးတစ်ခုရှိတယ်၊ အဲဒါက ဘယ်မှမသွားပဲ ကျွန်မကို စောင့်နေမှာပါ " ဆိုပြီး သူမဟာ ပြောပြခဲ့ပါတယ်။ လက်ထပ်ပွဲမှာ သူမအဖေရဲ့ ဈာပန အဖုံးပေါ်က ပိတ်စကို မင်္ဂလာဆောင်ဝတ်စုံအဖြစ် ချုပ်၀တ်ခဲ့ပါတယ်။ Lou Reed ပြောတဲ့အတိုင်း "အခြားမည်သည့်အချစ် / မည်သည့်အရာကမှပိုကောင်းမည်မဟုတ်။ " သလိုပါပဲ။ အချစ်ဟာ ထူးဆန်းပါတယ်၊ Emin ရဲ့လက်ထပ်ခြင်းဟာလည်း တစ်ချိန်က ရောမက ကဗျာဆရာကြီး Ovid ရဲ့ ကဗ‌ျာနဲ့တောင် တူနေပါတယ်။ ကဗျာထဲမှာတော့ ချစ်သူကောင်လေးဟာ Laurel သစ်ပင်အဖြစ်ပြောင်းလဲသွားကာ Echo လို့ခေါ်တဲ့ ကောင်မလေးကတော့ ပျောက်ကွယ်သွားပြီး တောထဲမှာပဲ သူမရဲ့အသံတွေဟာ ပဲတင် ထပ်နေခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=310,q=100/e2/e28a0b8e1ba2ec77462f526012e571e58575914a.jpg
https://s9.kh1.co/__image/w=650,h=650,q=100/7f/7f3d1053d9787f466139953dc6321715f7ba9fbf.jpg

သူမဟာ Pope John Paul II ရဲ့စာတွေကိုဖတ်နေခဲ့တယ်လို့ Art သတင်းစာမှာပြောခဲ့ပါတယ်။ကွယ်လွန်သူပိုလန်ပုပ်ရဟန်းမင်းကြီးဆိကနေ အတွေးအခေါ်ပညာရှင် Anna-Teresa Tymieniecka ဆိကို ပို့လိုက်တဲ့စာတွေဟာ BBC မှာ အကျော်ကြားဆုံး ပုပ်ရဟန်းမင်းကြီးတစ်ဦး နှင့်ပညာတတ်ချင်းတစ်ဦးအကြား ရေရှည်တည်တံ့သောဆက်ဆံရေးကိုပြသရန် ထုတ်ဖော်ပြသခဲ့ဖူးပါတယ်။ တစ်နည်းအားဖြင့် Emin ဟာ စာတွေဖတ်ခဲ့ပြီး ပုံမှန်ထက်ကျော်လွန်တဲ့ဆက်ဆံရေးနဲ့ တပ်မက်မှုထက်ကျော်လွန်တဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို စဉ်းစားနေခဲ့ပါတယ်။ သူမဟာလည်း Artist တစ်ယောက်ဖြစ်တာကြောင့် အနုပညာဆန်ဆန် တွေးနိုင်တာမို့ ခုလိုကျောက်တုံးကြီးနဲ့ လက်ထပ်ခဲ့တာဖြစ်နိုင်ပါတယ်။ သူမရဲ့ အနုပညာတွေဟာလည်း နာမည်ကြီးသလို James Bond မင်းသား Daniel Craig ရဲ့ Love is the devil ကားထဲမှာလည်း ပါ၀င်ဖူးပါတယ်။

https://s9.kh1.co/__image/w=650,h=390,q=100/61/613b9843408307ffb83f40d74e240d7c4d57fe1a.jpg
https://s9.kh1.co/__image/w=620,h=390,q=100/84/8430cdbc1a3cc1e07a0e3161d2805599d575597d.jpeg

သတင်း အရင်းအမြစ်The guardian

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T