အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုင်တက်အသင်းအနေဖြင့် စပိန်လာလီဂါကလပ် ရီးရဲမက်ဒရစ်အသင်းအား UEFA Super Cup ဗိုလ်လုပွဲတွင် ၂-၁ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ပွဲအပြီးတွင် မော်ရင်ဟိုသည် ပရိသတ်တစ်ဦးကို သူရသည့် ဆုတ့ဆိပ်ကိုပေးခဲ့သည်။ 

မောရင်ဟိုက “ကျွန်တော့်အနေနှင့် အနိုင်ရသည့် ဆုတံဆိပ်တွေကိုတောင် သေချာသိမ်းလေ့မရှိပါဘူး၊ ရှုံးလျှင် ဘာလုပ်မလဲဆိုတာကိုတောာ့ ခင်ဗျားတို့တွေးနိုင်ပါတယ်” ဟု ပြောခဲ့သည်။ 

ထို့အပြင် မော်ရင်ဟိုက “ကျွန်တော်သာ ဆုကိုအိမ်မှာ သိမ်းထားမည်ဆိုပါက တစ်နေရာမဟုတ် တစ်နေရာတွင်ပျောက်သွားမည်ဖြစ်ပြီး ပရိသတ်တစ်ယောက်သာရသွားမည်ဆိုပါက သူ့အနေဖြင့် တယုတယသိမ်းနိုင်မည်”ဟုပြောကြားခဲ့သည်။

Hein

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။