မြန်မာနိုင်ငံမှာ ပြသခွင့်မရတဲ့ ရုပ်ရှင်များအကြောင်း

//s9.kh1.co/57/5746d4ded9d77ec13df37ef062712b0dc57327b5.jpg
ဗဟုသုတအဖြာဖြာ

 ၁၀-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

အစိုးရများမှ ပိတ်ပင်ထားခဲ့တာကြောင့် မြန်မာနိုင်ငံမှာ ပြသခွင့်မရရှိထားခဲ့တဲ့ရုပ်ရှင်ကားတွေ

မြန်မာနိုင်ငံရဲ့ ရုပ်ရှင်ချစ် ပရိသတ်တွေအနေနဲ့ နိုင်ငံတကာက ရုပ်ရှင်ဇာတ်ကားကောင်းများစွာကို ကြည့်ရှု့ခံစားဖူးကြမှာပါ။ ရုပ်ရှင်ဇာတ်ကားကောင်းတွေထဲမှာမှ မြန်မာနိုင်ငံကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားခဲ့တဲ့ ရုပ်ရှင်တွေလည်း အရင်ကတည်း ရှိခဲ့ဖူးပါတယ်။

ဒီလို ရုပ်ရှင်တွေထဲမှ မြန်မာနိုင်ငံ ခေတ်အဆက်ဆက် အစိုးရများမှ ပိတ်ပင်ထားခဲ့တာကြောင့် မြန်မာနိုင်ငံမှာ ပြသခွင့်မရရှိထားခဲ့တဲ့ရုပ်ရှင်ကားတွေလဲ ရှိပါတယ်။  မြန်မာနိုင်ငံမှာ ပြသခွင့်မရတဲ့ မြန်မာရုပ်ရှင်တွေ အကြောင်းကို မသိသေးတဲ့ ရုပ်ရှင်ချစ်သူတွေအတွက် ဖော်ပြပေးလိုက်ရပါတယ်။

Photo credit from google
Photo credit from google

(၁) The Lady

၂၀၁၁ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ The Lady ရုပ်ရှင်ကားဟာ နိုင်ငံတကာ ရုပ်ရှင်စံညွန်း သတ်မှတ်ချက်အရ ၇.၁ ရရှိထားခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ မြန်မာနိုင်ငံမှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငယ်ဘဝနဲ့ သူကြုံတွေ့ခဲ့ရတဲ့ ခက်ခဲကြမ်းတမ်းတဲ့ ဘဝအတွေ့အကြုံတွေကို ရိုက်ကူးထားတဲ့ ဇာတ်လမ်း တစ်ခုဖြစ်ပါတယ်။ ၂ နာရီကျော်ကြာတဲ့ The Lady ရုပ်ရှင်ကားကို ၂၀၁၀ ခုနှစ် ကုန်ပိုင်းက ဘန်ကောက်မှာ ရိုက်ကူးခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်တဲ့ မစ်ချယ်ယိုဟာ တရုတ်သိုင်းကားတွေ၊ ရာဇဝင်ကားတွေအပြင် ဂျိမ်းစဘွန်း ကားတွေနဲ့ နာမည်ကြီးခဲ့သူ ဖြစ်ပါတယ်။ သူဟာ မလေးနိုင်ငံဖွား တရုတ်အမျိုးသမီးဖြစ်ပြီး အင်္ဂလန်မှာ ကြီးပြင်းသူဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခင်ပွန်း မိုက်ကယ်အဲရစ်အဖြစ် Harry Potter ရုပ်ရှင်ကားမှာ ပါဝင် သရုပ်ဆောင်ခဲ့သူ ဒေးဗစ်သျူးလစ်စ်က သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်လမ်းထွက်ရှိခဲ့တဲ့ အချိန်မှာ မြန်မာနိုင်ငံမှာ ပြသခွင့်မရရှိခဲ့ပါဘူး။

Photo credit from google
Photo credit from google

(၂) The Call it Myanmar; Lifting the curtain

ဒီဇာတ်ကားကတော့ မြန်မာနိုင်ငံရဲ့ တကယ့်ဖြစ်ရပ်မှန် ပုံရိပ်တွေနဲ့ လူထုရဲ့ ခံစားချက်တွေကို ဖော်ကျူးရိုက်ကူးထားတာ ဖြစ်သလို  စစ်အုပ်ချုပ်ရေးအောက်မှာ နေထိုင်ခဲ့ရတဲ့ ၄၈ နှစ်တာ မြန်မာနိုင်ငံရဲ့ အကြောင်းကို ၂နှစ်ကြာ မြန်မာနိုင်ငံအနှံ့အပြားမှာ အင်တာဗျူးတွေ လုပ်ခဲ့ပြီး ရိုက်ကူးခဲ့တဲ့ မှတ်တမ်း ရုပ်ရှင်တခု ဖြစ်ပါတယ်။ နိုင်ငံတကာ ရုပ်ရှင်စံညွန်းသတ်မှတ်ချက်အရ ၇ ရရှိခဲ့ပြီး နိုင်ငံတကာက ကြည့်ရှုသူတွေ အထူး နှစ်သက်ခဲ့တဲ့ ဇာတ်ကားဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနှင့် ယဉ်ကျေးမှုများကို သတိပြုမိစေခဲ့တဲ့ မှတ်တမ်းရုပ်ရှင်တစ်ခုလို့လည်း ဆိုရမှာ ဖြစ်ပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်ကတော့ မြန်မာနိုင်ငံမှာ ပြသခွင့်မရှိခဲ့တဲ့ မြန်မာနိုင်ငံအကြောင်း ရုပ်ရှင်တွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။

Photo credit from google
Photo credit from google

(၃) Twilight Over Burma

မြန်မာ့ဆည်းဆာလို့ အဓိပ္ပါယ်ရတဲ့ Twilight Over Burma ရုပ်ရှင်ဇာတ်ကားဟာ ရှမ်းစော်ဘွား စဝ်ကြာဆိုင်ရဲ့ မဟာဒေဝီ စဝ်သုစန္ဒီ ခေါ် သြစတြီးယားနိုင်ငံသူ အင်ဂျီ ဆားဂျင့် Inge Sargent ရဲ့ ကိုယ်တိုင်ရေး ဘဝဇာတ်ကြောင်း အတ္တုပ္ပတ္တိ စာအုပ်ကို အခြေခံ ရိုက်ကူးထားတာဖြစ်ပါတယ်။ အဲဒီဇာတ်ကားကို ထိုင်းနိုင်ငံ ဇင်းမယ်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့နဲ့ အင်းလေးကန်မှာ အဓိက ရိုက်ကူးခဲ့တာပါ။

အဲဒီဇာတ်ကားထဲမှာ အစိုးရတပ် စစ်သားတွေက ရှမ်းအမျိုးသမီးတွေကို အဓမ္မ ကျင့်ကြံတဲ့ ဇာတ်ဝင်ခန်းတွေ ပါဝင်နေလို့ တပ်မတော်ရဲ့ပုံရိပ်ကို ထိခိုက်စေတဲ့အတွက် ပြသဖို့မသင့်တော်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အဆင့်အတန်း သတ်မှတ်ရေးအဖွဲ့က ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T