သြဂုတ်လ(9)ရက်နေ့မှာ ကျရောက်တဲ့ ရုပ်ရှင်သရုပ်ဆောင် ဖွေးဖွေးရဲ့ မွေးနေ့မှာ Surprise လုပ်ပေးကြသူတွေကတော့ နေတိုး နဲ့ သက်မွန်မြင့်ပါပဲ။

ပရိသတ်ချစ်ခင်အားပေးမှုတွေရရှိထားတဲ့ အကယ်ဒမီ(၂)ဆုရှင် မင်းသမီးချောလေး ဖွေးဖွေးကို သူမရဲ့ အနုပညာရှင်မောင်နှမနှစ်ယောက်ဖြစ်တဲ့ ရုပ်ရှင်မင်းသားချော နေတိုးနဲ့ မင်းသမီးချော သက်မွန်မြင့် နဲ့ ဒီဇိုင်နာမပုံ့တို့က အောင်သမာဓိ ရွှေဆိုင်ကြော်ငြာရိုက်ကွင်းမှာ မွေးနေ့စပရိုက်လေး လုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်

ဖွေးဖွေးဟာ လက်ပံ ဇာတ်ကားနဲ့ ကျွန်မကနှင်းဆီမောင် ဇာတ်ကားတွေနဲ့ လူကြိုက်များခဲ့တဲ့အပြင် အကယ်ဒမီ(၂)ဆုလည်း ရရှိထားသူဖြစ်ပါတယ်။

မြန်မာပြည်ရဲ့ လူအကြိုက်အများဆုံး အနုပညာရှင်တစ်ဦးလို့ ပြောလို့ရသလို ဖွေးစိန် ဆိုတဲ့ နာမည်ပြောင်လေးနဲ့ လိုက်ဖက်အောင် ချစ်စရာကောင်းတဲ့သူမရဲ့ အပြောအဆိုအမူအရာလေးတွေက ပရိသတ်တွေကို သဲသဲလှုပ်ဖြစ်နေစေတာပါ။

မွေးနေ့မှာ သူမရဲ့ ဖေဖေမေမေအပြင် ပရိသတ်တွေကလည်း မွေးနေ့လက်ဆောင်တွေအသီးသီးပေးပြီး အလုပ်များနေလို့ ပရိသတ်တွေနဲ့အချိန်မပေးနိုင်တာကိုလည်း ပြောပြထားပါသေးတယ်။  

သတင်းအရင်းမြစ် Sunday

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။