အင်တာမီလန်နဲ့ခြေစမ်းမယ့်မြန်မာယူ-18 အကြောင်းတစေ့တစောင်း

ပြင်သစ်နည်းပြကြီးဘန်လာဘီကိုင်တွယ်နေတဲ့မြန်မာယူ-18အသင်းဟာသြဂုတ်လ ဆယ့်တစ်ရက်နေ့မှာ အင်တာမီလန်ယူ-18အသင်းနဲ့ခြေစမ်းပွဲ

ကစားတော့မှာပါ။ဒီအသင်းဟာအာဆီယံယူ18ချန်ပီယံဆုမှန်းနေတဲ့အသင်းဖြစ်လို့

သူတို့အသင်းရဲ့ခြေစွမ်းကိုအနည်းငယ်မိတ်ဆက်ပေးချင်ပါတယ်။

ဒီအသင်းဟာ ဖီးနစ် A ဆိုတဲ့အမည်နဲ့MNL2 မှာဝင်ကန်နေတဲ့အသင်းဖြစ်ပြီးအောင်သူတို့တို့မျိုးဆက်နောက်ပိုင်းအကောင်းဆုံးလို့ပြောလို့ရပါတယ်။

အသင်းမှာနာမည်အကြီးဆုံးကစားသမားကတော့နံပါတ်10

ဝင်းနိုင်ထွန်းဖြစ်ပြီးတစ်ဦးချင်းဖြတ်ကျော်မှုပိုင်းမှာထူးချွန်သူပါ။

သူနဲ့တွဲဘက်တိုက်စစ်မှူးကတော့ပြည့်စုံအောင်ဖြစ်ပြီးသူဟာလည်းရုန်းအားတိုးအားကောင်းမွန်သူဖြစ်ပေမယ့်

အဆုံးသတ်အနည်းငယ်အားနည်းပါတယ်။ကွင်းလယ်ပိုင်းမှာ

Playemakerလို့ပြောရမယ့်လူကတော့နံပါတ်23မြတ်ကောင်းခန့်ဖြစ်ပြီး

ဘောလုံးလမ်းကြောင်းတွေကသူ့ဆီကပဲလာပါတယ်။ တောင်ပံနေရာတွေမှာတော့ ဟိန်းထက်အောင်၊ထက်ဖြိုးဝေတို့ကစားလေ့ရှိကြပြီး၊နောက်တန်းရဲ့အရှေ့DMF နေရာမှာတော့ သက်ပိုင်ထူးကစားတာကိုတွေ့ရပါတယ်။ကပ္ပတိန်စိုးမိုးကျော်

ခေါင်းဆောင်တဲ့နောက်တန်းကတော့အမြင့်ဘောအားနည်းတာတွေ့ရပါတယ်။

မြန်မာယူ 18ရဲ့ပုံစံက တခြားမြန်မာအသင်းတွေလိုပဲအတိုပေး

ဘောလုံးပိုင်ဆိုင်မှုအသားပေးပုံစံမျိုးကစားပြီးအချိန်ပြည့်တိုက်ဆင်နေနိုင်တာတွေ့ရပါတယ်။

ကွင်းလယ်လူတွေဟာလည်းတိုက်စစ်အားသန်သူတွေဖြစ်ပြီးနေရာစုံကဂိုးသွင်းနိုင်သူတွေဖြစ်ပါတယ်

။အင်တာမီလန်နဲ့ပွဲမှာမြန်မာလူငယ်အသင်းရဲ့ခြေစွမ်းကိုထပ်မံစောင့်ကြည့်ကြပါစို့။

Photo- Phoenix

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။