ညဘက်မှာ ဒါတွေ စားမိနေတုန်းလား …..

//s9.kh1.co/c1/c1d227ff2b32a37688e3e6ba7fb7dbe6aae86833.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၁၁-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ဘယ်အစားစာတွေက ညဘက်လုံးဝမစားသင့်တော့ဘူးလဲဆိုတာ......

ကျန်းမာနုပျိုတဲ့ ဘဝနေထိုင်မှုပုံစံကို ရရှိနိုင်ဖို့အတွက် အစားအသောက်ကလည်း အရေးကြီးပါတယ်။အစားအစာတွေက စားတတ်ရင်အာဟာရဖြစ်စေပေမယ့် သူ့အချိန်နဲ့သူ မစားတတ်ရင်တော့ ဘေးဥပါဒ်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဘယ်အစားစာတွေက ညဘက်လုံးဝမစားသင့်တော့ဘူးလဲဆိုတာကို ဗဟုသုတအနေနဲ့ မျှဝေပေးချင်ပါတယ်။

Photo credit from google 
Photo credit from google 

ထမင်း

ည(၈)နာရီနောက်ပိုင်း ထမင်းစားတာကို ရှောင်သင့်ပါတယ်။ ထမင်းက အစာမကြေဖြစ်နိုင်တဲ့အပြင် ရင်ပြည့်ရင်ကယ်တာကိုလည်း ဖြစ်စေပါတယ်။ 

Photo credit from google 
Photo credit from google 

ပူစပ်တဲ့အစာများ

ညဘက် အိပ်ယာဝင်ခါနီးမှာ  ပူတဲ့၊ စပ်တဲ့ အစားအစာတွေကို မစားသင့်ပါဘူး။ စပ်တဲ့အစားအစာတွေက ရင်ပူတာ၊ ဗိုက်အောင့်တာမျိုးတွေအပြင် နှလုံးကို ထိခိုက်နိုင်စေတဲ့အတွက် အိပ်ခါနီးအချိန်မှာ  မစားသင့်ပါဘူး ။

Photo credit from google 
Photo credit from google 

အချိုရည်

အချိုရည်တော်တော်များများက ဝိတ်တက်စေပါတယ်။ သင့်အနေနဲ့ ညဘက်မှာ သောက်သုံးပါက ဝိတ်လည်းတက်နိုင်ပြီး ဆီးချိုရောဂါဖြစ်နိုင်ခြေလည်း ပိုများလာပါလိမ့်မယ်။

Photo credit from google 
Photo credit from google 

ချောကလက်

ချောကလက်မှာ Morphine ဓာတ်နဲ့ Theobromine ဓာတ်တွေ ပါဝင်ပါတယ် ။ ဒါကြောင့် အာရုံကြောကို နိုးကြား စေတယ်။ နှလုံးခုန်နှုန်းမြန်စေပြီး အိပ်မပျော်တဲ့ရောဂါ ဖြစ်စေပါတယ်။

Photo credit from google 
Photo credit from google 

အသင့်စား မုန့်ထုပ်များ

Snack မုန့်တွေဖြစ်တဲ့ အာလူးကြော်၊  ကြက်သွန်ပေါင်းကြော်၊ ငါးမုန့်ကြော်တွေမှာ ကယ်လိုရီတွေများစွာ ပါဝင်နေတာကြောင့် လုံးဝစားသုံးဖို့ မသင့်တော်ပါဘူး။စားချင်တယ်ဆိုရင်တောင် နေ့ခင်းဘက် အဆာပြေအနေနဲ့ နဲနဲပဲစားသင့်တဲ့ အစားအစာတွေဖြစ်ပါတယ်။

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T