မီးလောင်မှုကြောင့်ဧရာဝတီဘဏ်‌ ပြာကျသွားတယ်လို့သတင်းထွက်တာကို ပြန်လည်ဖြေရှင်းခဲ့

၂၃.၁၀.၂၀၁၆ ရက်​​နေ့(စနေနေ့) နံနက်​ ၄:၀၀ အချိန်​ခန်​့က ရန်​ကုန်​တိုင်​း​ အင်​းစိန်​မြို့နယ်​ လမ်​းသစ်​လမ်​းတွင်​ မီး​လောင်​ကျွမ်​းမှုဖြစ်​ပွားခဲ့ပါသည်​။ မီး​ဟပ်မှု​ကြောင်​့ ဧရာဝတီဘဏ်​ ရန်​ကုန်​ (၄၇) အင်​းစိန်​လမ်​းသစ်​လမ်​းဘဏ်ခွဲ၏ အ​ဆောက်​အဦ နှင်​့ မျက်​နှာစာ ပျက်​စီးဆုံးရှုံးမှုအနည်​းငယ်​ရှိခဲ့ပါသည်​။ သို့ဖြစ်ပါ၍ ၎င်းကိုအချို့က ပြန်လည်ဖြေရှင်းထားပုံမှာ ဧရာဝတီဘဏ်ပြာကျသွားသည်မှာ မပာုတ်မမှန်ကြောင်း၊ဧရာဝတီဘဏ် အင်းစိန်-လမ်းသစ်လမ်းဘဏ်ခွဲ၏ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို အသုံးပြုလျက်ရှိသော Customer များ အနေဖြင့် မိမိတို့နှင့် နီးစပ်ရာ ဧရာဝတီဘဏ်ခွဲများဖြစ်သော အင်​းစိန်​ပေါက်တောဝဘဏ်​ခွဲ (၀၁ ၆၄၀၇၉၂၊ ၀၁ ၆၄၀၇၉၃) နှင့်စော်ဘွားကြီးကုန်းဘဏ်ခွဲ (၀၁ ၉၆၄၀၁၃၄ ~ ၈) အပြင်​ အခြားဧရာဝတီဘဏ်​ခွဲအသီးသီးတွင်လည်​း ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက်အသုံးပြုနိုင်ပါကြောင်း အသိ​ပေးအပ်​ပါသည်​ပာူ၍ဖြစ်ပါသည်။Customer များ၏ အဆင်​မ​ပြေမှုများအတွက်​ ဧရာဝတီဘဏ်​မှ ​တောင်​းပန်​အပ်​ပါကြောင်းနှင့်အဆင်​​ပြေ​ချော​မွေ့မှုရှိ​စေရန်​အတွက်​လည်​း ကြိုးစား​ဆောင်​ရွက်​သွားမည်​ဖြစ်​ပါကြောင်းပာုသိရှိရပါတယ်​။ ဝိုင်​းဝန်​းကူညီ​မီးငြိမ်​းသတ်​​ပေးခဲ့​သော မြန်​မာနိုင်​ငံမီးသတ်​တပ်​ဖွဲ့နှင်​့ လူမှုအဖွဲ့အစည်​းအသီးသီိးအားလည်​း​ကောင်​း၊ ရပ်​မိရပ်​ဖများနှင်​့ ဝိုင်​းဝန်​းကူညီခဲ့ကြ​သော ပုဂ္ဂိုလ်​များအားလုံးကိုလည်​း ဧရာဝတီဘဏ်​မှ အထူးပင်​​ကျေးဇူးတင်​ရှိပါကြောင်း ဧရာဝတီဘဏ် က ပြောကြားအပ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။