အခုခေတ်ကြီးမှာ အဖြေရဖို့အတွက် သုံးနှစ်သုံးမိုး ဆိုတာ တကယ်ပဲ မရှိသလောက် ရှားနေပါတယ်။ ယောကျ်ားလေး အများစုကလည်း အချိန်အကြာကြီး မစောင့်ချင်ကြတာကိုလည်း မိန်းကလေးတွေက သိနှင့်ပြီးသားပါ။ ဒ့ါကြောင့် မိန်းကလေးတွေကလည်း သူတို့သာ တကယ်ချစ်တယ်ဆို အချိန်အကြာကြီး ဆွဲထားလေ့ မရှိပါဘူး။

ဒါ့အပြင် ယောကျ်ားလေးတွေက ကိုယ်ချစ်တဲ့ မိန်းကလေးကို ဖွင့်မပြောခင် သူတို့နဲ့ ပတ်သက်ပြီး အနည်းငယ် သိထားဖို့တော့ လိုအပ်ပါတယ်။ ဒါ့အပြင် မိန်းကလေး အများစုက ဘယ်လိုယောက်ျားလေးတွေကို ရင်ခုန်လဲ …. ??? ကြိုက်ကြလဲ …. ??? စိတ်ဝင်စားကြလဲ … ??? ဒါလေးတွေလည်း ပုရိဿတို့အဖို့ သိထားဖို့ လိုပါတယ်။ မိန်းကလေး အများစုက ယောကျ်ားလေးတွေကို ချောတာထက် ခန့်တာ၊ သန့်တာကို သဘောကျတတ်ကြပါတယ်။ ဒါ့ကြောင့် ကိုယ်က မချောလို့ စိတ်ညစ်စရာ၊ စိတ်ပျက်စရာ၊ စိတ်ဓာတ်ကျစရာ မလိုပါဘူး။ 

ဒါဆိုရင် ဆွဲဆောင်မှုရှိတဲ့ ယောက်ျားလေးဖြစ်ဖို့ ဘယ်လို ပြုမူရမလဲ … ???

• သန့်ရှင်းသပ်ရပ်စွာ နေထိုင်ပါ။

အဝတ်အစား၊ နေထိုင်ပုံက သန့်ရှင်းသပ်ရပ်နေရပါမယ်။ အကျင်္ ီကိုလည်း သေသေချာချာ မီးပူတိုက်ထားပြီး ၀တ်ဆင်ရပါမယ်။ လက်သည်း၊ ခြေသည်းတွေကို ပုံမှန်ညှပ်ပေးရမယ်။ ခေါင်းကို သန့်ရှင်းသပ်ရပ်အောင် ဂရုစိုက်ပေးသင့်ပါတယ်။ ချွေးထွက်တတ်သူအဖို့ လက်ကိုင်ပဝါ (သို့မဟုတ်) Tissue ကိုလည်း ဆောင်ထားသင့်ပါတယ်။ ချွေးနံ့ပျင်းသူတွေက မဖြစ်မနေ အနံ့သင်းတဲ့ ရေမွှေး သုံးပေးသင့်ပါတယ်။တကိုယ်ရည် သန့်ရှင်းမှုကို အထူးဂရုစိုက်ရပါမယ်။

• စကားပြော ယဉ်ကျေးပါ။

အမြဲတမ်း ယဉ်ယဉ်ကျေးကျေး ပြုံးပြံုးရွှင်ရွှင်နဲ့ သေသေချာချာ မျက်နှာကိုကြည့်ပြီး စကားပြောပေးသူပါ။ ဘယ်သူ့ကိုမဆို အဆင့်အတန်းမခွဲခြားပဲ လေးလေးစားစား ဆက်ဆံနိုင်သူကိုတော့ မိန်းကလေးတွေက လေးစားပြီး သဘောကျ ကြပါတယ်။ ဒါ့ကြောင့်လည်း တော်ကီ ကောင်လေးတွေဆို မိန်းကလေးတွေက ကြွေကျတာပါ။ 

• စည်းကမ်းရှိရှိ နေထိုင်ပါ

အိမ်မှာပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာဖြစ်ဖြစ်၊ အပြင်မှာပဲဖြစ်ဖြစ် သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် နှင့် စည်းကမ်းရှိခြင်းက အင်မတန်ကို ကြည့်ကောင်းတဲ့ ဆွဲဆောင်မှု တစ်ခုပါပဲ။

• တိုင်ပင်ဖော် တိုင်ပင်ဖက်ကောင်း တစ်ယောက်အဖြစ်နေပါ။

သူစိတ်ညစ်စရာတွေဲဖြစ်ဖြစ်၊ အတင်းပြောချင်တာပဲဖြစ်ဖြစ် ပြောချင်တာတွေအားလုံးကို လက်ခံနားထောင်ပေးတတ်သူ အဖြစ် အနားမှာ နေပေးပါ။ ပြီးလျှင် သူလက်ခံနိုင်မဲ့ အကြံဉာဏ်ကောင်းများ ပေးပါ။

• မိန်ကလေးတွေကို ဦးစားပေးပါ။ (အထူးသဖြင့် သင်ချစ်တဲ့ ကောင်မလေးကို ဦးစားပေးပါ။)

မိန်းကလေးတွေကို စာနာပြီး ဦးစားပေးသူ ယောကျင်္ားလေးတွေက အလွန်ပင် ချစ်ဖို့ကောင်းပါတယ်။ ကိုယ့်အတွက်က အပန်းမကြီးပေမဲ့ သူ့ကို ဦးစားပေးလိုက်ခြင်းဖြင့် သူ့အတွက်လည်း စိတ်ချမ်းသာစေသလို သင့်အတွက်လည်း ဂုဏ်ရှိပါတယ်။  

ဒါလေးတွေကို အခြေခံသိထားပြီဆိုရင်တော့ သင်ဟာ ဆွဲဆောင်မှုရှိတဲ့ ကောင်လေးတစ်ယောက်ဖြစ်ဖို့ သေချာသလောက်ပါပဲ။ နောက်တစ်ဆင့်အနေနဲ့ကတော့ ကောင်မလေးဆီက ရက်တိုတိုနှင့် အဖြေပြန်ရနိုင်တဲ့နည်းလမ်းပဲ ဖြစ်ပါတယ်။

(၁) သူ့အနားသို့ သွားပြီး သူကို့ မကြည့်ဘဲ လမ်းလျှောက်ပါ။ သူမြင်ပြီး သတိထားမိသည် အထိ သူ့အနားမှာ တဝဲလည်လည် နေပါ။

(၂) သူနှင့် တွေ့နေ ကြံုနေကျနေရာသို ၂ရက်လောက် ပျက်ကွက်ပါ။

(၃) သင့်ရဲ့ အားသာချက်တွေနဲ့ သင့်ရဲ့ ဆွဲဆောင်မှုတွေကို သင်ကိုယ်တိုင်ထုတ်မပြောဘဲ သူ မသိအောင် ပြပါ။

(၄) သူဖုန်းဆက်လာလျှင် မကိုင်ပါနှင့်။

(၅) သူ့ကိုတွေ့ပြီး လက်ဆောင်တစ်ခုပေးပါ။ အဲ့ဒီ လက်ဆောင်ရဲ့ အဓိပ္ပါယ်ကို သူ သိအောင် ရှင်းပြပါ။

(၆) သူ့ကို ချစ်တဲ့အကြောင်း နောက်တစ်ကြိမ် ထပ်ပြောပါ။ သင့်အတွက်က သူ ဘယ်လောက်အထိ အရေးပါကြောင်း ပြောပြပါ။

(၇) သူပြောတဲ့အတိုင်း တစ်ခွန်းမကျန် နားထောင်ပါ။

(၈) သူ့ကို တစ်နေ့ သုံးခါထက်မနည်း ပြံုးအောင်/ ပျော်အောင် လုပ်ပေးပါ။

(၉) သူက အဖြေပြန်ပေးလာတဲ့အခါ ဘယ်အဖြေကို မဆို လေးစားစွာလက်ခံပါ။ သင့်အတွက် ကောင်းတဲ့ အဖြေဆိုရင်တော့ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ၀မ်းသာကြောင်း ပြောပါ။

(၁၀) သူ့ကို တန်ဖိုးထားပါ။

အားလုံးပဲ ကိုယ်ချစ်တဲ့သူနဲ့ ပေါင်းဖက်နိုင်ကြပါစေ … ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။