ယနေ့ခေတ်နည်းပညာတွေတိုးတက်ပြောင်းလဲလာတာနဲ့အမျှ လူတစ်ဦးနဲ့တစ်ဦး ဆက်ဆံရေးဟာ ပြင်ပထက် ဆိုရှယ်မီဒီယာတွေကနေပဲ ဆက်သွယ်သိကျွမ်းလာကြတာများပါတယ်။

အထူးသဖြင့် FaceBook ခေတ်စားလာချိန်မှာ ချစ်သူရည်းစားတွေရဲ့ ဆက်ဆံရေးကို လွှမ်းမိုးလာပြီး ပြင်ပလက်တွေ့ဘဝက ချစ်ခြင်းမေတ္တာတွေ ရှားပါးလာသလိုပါပဲ။

ကိုယ့်ပတ်ဝန်းကျင်ကို်ယ့်မိတ်ဆွေသူငယ်ချင်း စုံတွဲတွေကိုလည်း မြင်နေတွေ့နေတဲ့ သူတွေလည်း သိမှာပါ။ အဲ့ဒါကတော့ သမီးရည်းစားစုံတွဲတွေမှာ အဖြစ်များနေတာက Surprise လုပ်တာနဲ့

ဘာကိုလဲဆိုလိုတာလဲဆိုရင် ယနေ့ခေတ် မိန်းကလေးတော်တော်များများက ကိုယ့်ချစ်သူဆီက Surprise လုပ်မှ ကိုယ့်ကို တကယ်ချစ်တာလို့ ထင်တတ်ကြပါတယ်။ နောက်ပြီး ဖေ့ဘုတ်စ်ပေါ် တင်ပြီး လူတိုင်းမြင်အောင် ချစ်ရေးချစ်ရာအကြောင်းလေးတွေ ကဗျာတွေ စာတွေဖွဲ့နွဲ့ ရေးပြမှ အချစ်စစ်နဲ့ချစ်တာလို့ ထင်နေတဲ့ အယူအဆလေးတွေပါပဲ။ မိန်းကလေးဆိုတဲ့သဘောကတော့ စိတ်ပျော့တယ် နူးညံ့ညင်သာတယ် အချော့အမော့ကြိုက်တယ်ဆိုပေမယ့် လက်တွေ့ဆန်တဲ့ မိန်းကလေးတွေလည်း ရှိမှာပါ။

လူတစ်ကိုယ်အကြိုက်တစ်မျိုးဆိုသလိုပဲ ယောကျာ်းလေးတွေရဲ့ စိတ်ကလည်း တစ်ယောက်နဲ့ တစ်ယောက် အမြင် ၊ အမူအကျင့် စိတ်နေသဘောထား ခံယူချက်တွေလည်း မတူတတ်ကြပါဘူး..။

ကိုယ်ကျင်လည်နေရတဲ့ ဘဝ ၊ပတ်ဝန်းကျင် အသိုင်းဝိုင်း ၊ စီးပွားရေးအလုပ်အကို်င်အခြေအနေ တစ်ရပ်ရပ်ကြောင့်ပဲဖြစ်ဖြစ် နဂိုစိတ်ကိုက Romantic မဆန်တတ်တဲ့သူတွေရှိကြပါတယ်။ လက်တွေ့ဘဝကိုပဲ ကြိုးစားရုန်းကန်နေရတဲ့ သူတွေအတွက်တော့ ကိုယ့်ချစ်သူကို ချစ်ပေမယ့်လည်း တန်ဖိုးကြီးပစ္စည်းလက်ဆောင်တွေ ပေးဖို့မတတ်နိုင်သူတွေ ၊ ၀ါသနာမပါသူတွေ ရှိကြပါတယ်။ ဒါပြင် ဖေ့ဘုတ်ပေါ်မှာ ပလီပလာ စကားချိုချိုလေးတွေလည်း မပြောတတ်ကြပေမယ့် သူတို့လို လက်တွေ့သမားတွေက ကိုယ့်ချစ်သူကို ပိုပြီး ချစ်တတ်ကြပါတယ်။

ဖေ့ဘုတ်ပေါ် တင်တု်ိင်းလည်း အထင်မကြီးစေချင်သလို ပန်းစည်းတွေ လက်ဆောင်တွေအမြဲတမ်းပေးနေတိုင်းလည်း ကို်ယ့်ကို မေတ္တာစစ်နဲ့ ချစ်တဲ့သူရှားပါတယ်။

လက်တွေ့ဆန်တဲ့ သူတွေကတော့ ကို်ယ့်ချစ်သူကို တစ်ခဏတာပျော်ရွှင်မှုထက် တစ်ဘဝလုံးပျော်ရွှင်စေဖို့ ဘယ်လိုကြိုးစားရမလဲဆိုတာပဲ သူတို့ခေါင်းထဲမှာ ရှိတတ်ကြပါတယ်။

Facebook မှာ ပလီပလာလေးတွေပြောရင်း အပြင်မှာ ဖောက်ပြန်နေတဲ့သူတွေရှိသလို ဖေ့ဘုတ်မှာ မချစ်ပြပေမယ့် အပြင်လက်တွေ့ဘဝမှာ ပျော်ရွှင်နေတဲ့စုံတွဲတွေလည်း ရှိပါတယ်။ 

ဒါ့ကြောင့် ယနေ့ခေတ် အယူလွဲနေတဲ့ မိန်းမချောလေးတွေလည်း နားလည်နို်င်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ချစ်ပေမယ့် ချစ်ပုံချစ်နည်းချင်းမတူကြတဲ့အတွက် ထုတ်မပြတတ်တဲ့သူရှိသလို ရိုမက်တန်ဆန်ဆန်လေးချစ်ပြကြတဲ့သူတွေလည်း ရှိတာကြောင့် ကို်ယ့်ချစ်သူ့ကို တစ်ပါးသူနဲ့ နှိုင်းယှဉ်တာမျိုး မလုပ်မိကြပါစေနဲ့ လို့ အက်ဒမင် ကိုယ်တွေ့တစ်ခုကနေ အကြံပြုပါရစေ။

ချစ်သူစုံတွဲများအားလုံး အပြောထက် လက်တွေ့ဘဝမှာ ထာဝရလက်တွဲနို်င်ကြပါစေနော်။  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။