မိကျောင်းဆွဲသွားတဲ့ ခွေးလေးကိုကယ်ခဲ့တဲ့ ခွေးပိုင်ရှင် ရုပ်သံဖိုင်

//s9.kh1.co/ec/ec76f9009edd28640d45615a012661916c3ee6fc.jpg
ဗဟုသုတအဖြာဖြာ

 ၁၁-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

ရေကန်ထဲကို ချက်ချင်းဆင်းပြီး ခွေးကလေးကို မိကျောင်းပါးစပ်ထဲမှ မရမက ကယ်တင်ခဲ့ကြောင်း

အသက် ၇၄ နှစ်အရွယ် Richard Wilbanks ဆိုတဲ့ အဖိုးအိုက ၃ လသားအရွယ်သာ ရှိသေးတဲ့ သူ့ရဲ့ ခွေးကလေး Gunner နဲ့ အတူတူ ခြံနောက်ဖက်က ရေကန်ကို လမ်းလျှောက်ထွက်ခဲ့ပါတယ်။

ခြံနောက်ဖက်က ရေကန်နဲ့ ဆက်စပ်တဲ့ မြေက Florida Wildlife Federation ကပါ။

Richard တစ်နေရာမှာ မတ်တပ်ရပ်နေတုန်း ရေကန်စပ်နားမှာ ရှိနေတဲ့ Gunner လေးကိုရေကန်ထဲက မိကျောင်းတစ်ကောင်က ရုတ်တရက် ထွက်ပေါ်လာပြီး ရေအောက်ကို ဆွဲချသွားပါတော့တယ်။

  Image credits: Florida Wildlife Federation
  Image credits: Florida Wildlife Federation

Richard လည်း ချက်ချင်းဆိုသလို ရေကန်ထဲ ပြေးဆင်းသွားခဲ့ပြီး မိကျောင်းပါးစပ်ထဲက Gunner လေးကို အပြင်ထုတ်ဖို့ ကြိုးစားခဲ့ပါတယ်။

  Image credits: Florida Wildlife Federation
  Image credits: Florida Wildlife Federation

အချိန်ခဏလေးအတွင်းမှာ အောင်မြင်ခဲ့ပြီး Gunner လေးတစ်ကောင်ဟာ လွတ်မြောက်ခဲ့ပေမယ့် Richard ကတော့ မိကျောင်းပါးစပ်ထဲမှာ ညပ်မိသွားတဲ့ သူ့လက်ကို မနည်း ပြန်ဆွဲထုတ်ခဲ့ရပါတယ်။

  Image credits: Florida Wildlife Federation
  Image credits: Florida Wildlife Federation

နောက်ဆုံးမှာတော့ Gunner လေးရဲ့ ဝမ်းဗိုက်မှာ မိကျောင်းကိုက်တဲ့ ဒဏ်ရာတစ်ခု ရခဲ့သလို Richard လက်မှာလည်း ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ကြောင်း သိရပါတယ်။

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T