နှုတ်ခမ်းနီမလေးတွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်တဲ့ အသက် (၄၀) ကျော်ကိုရီးယားမင်းသားများ

//s9.kh1.co/76/76036651a9204a995a60c71dbb909c335aafe689.jpg
အနုပညာရှင်များ

 ၁၃-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

အသက်(၄၀) ကျော် သွားပေမယ့် ဆွဲဆောင်မှုရှိနေပြီး sexy ကျနေတဲ့ (ah-juh-si) တွေကတော့…

ကိုရီးယားနိုင်ငံရဲ့ သရုပ်ဆောင်တော်တော်များများက သရုပ်ဆောင်ကောင်းတဲ့အပြင် သူတို့ရဲ့ ရုပ်ရည်ချောမောတဲ့အတွက် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ဖြစ်နေပါတော့တယ်။ ကိုရီးယား အမျိုးသားအနုပညာရှင်တွေအများကြီးရှိပါတဲ့ထဲမှာမှ အသက် (၄၀) ကျော်သွားလို့ (၅၀) နားနဲ့ကပ်နေပေမယ့် မပျက်စီးသေးပဲ အမျိုးသမီးထုကြီးကို ဆွဲဆောင်ထားနိုင်သူတွေ ရှိပါတယ်။ ဒီနေ့ အထိ ဆွဲဆောင်မှု ရှိနေတဲ့ (ah-juh-si) တွေက ဘယ်သူတွေလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

1.Lee Byung-hun

Photo Credit form Google
Photo Credit form Google

Lee Byung-Hun ကတော့ အသက်(၅၁) နှစ်ရှိနေပါပြီ။ ဒါပေမယ့် ဒီနေ့ ဒီအချိန်ထိ ဆွဲဆောင်မှုရှိနေပြီး  Sexy ကျတဲ့ အမျိုးသားတစ်ယောက် အဖြစ်ရှိနေတုန်းပဲ ဆိုတာငြင်းလို့မရပါဘူး။ ကိုရီးယား၊ ဂျပန်နဲ့ အာရှမှာသာမက ဟောလိ ဝုဒ်ထိ ထိုးပေါက်နိုင်ခဲ့တဲ့ မင်းသားချောတစ်ယောက်ပါ။ နောက်တက်လာတဲ့ မင်းသားငယ်လေး တွေနဲ့ ရုပ်ရည်ချင်းယှဉ်နိုင်တုန်းပါ။

2.Song Seung-heon

Photo Credit form Google
Photo Credit form Google

 နှုတ်ခမ်းနီမလေးတွေရဲ့ ရင်ထဲမှာ ဂျွန်စောလ်လို့ လူသိများတဲ့ Song Seung-heon ကတော့ အခုဆိုရင် အသက် (၄၄) နှစ်ပြည့်သွားပါပြီ ။ ငယ်ငယ်ကကျတော့ ငယ်ဂုဏ်နဲ့ ကြည့်ကောင်းခဲ့သလို အခုအချိန်မှာလည်း တကယ့် Gentleman စတိုင် တည်ငြိမ်သူတစ်ယောက်အဖြစ် တစ်မျိုးကြည့်ကောင်းနေသူပါ။ “ဆောင်းဦးရွက်ကြွေ ချစ်သက်သေ” ဇာတ်ကားနဲ့ စသိခဲ့ရတည်းက ဆယ်စုနှစ်တစ်ခုကျော်တဲ့ထိ နုပျိုနေဆဲ ရုပ်ရည်ကြောင့် မိန်းကလေးပရိသတ်တွေ သည်းသည်းလှုပ်အားပေးခံရတာ မထူးဆန်းပါဘူး။

3. Hyun Bin

Photo Credit form Google
Photo Credit form Google
ခုလာမယ့် စက်တင်ဘာ (၂၅) ရက်မှာ အသက် 39 နှစ်ပြည့်တော့မယ့် မင်းသားဟွန်ဘင်းကတော့ ပွဲထွက်ခါစအတိုင်း ဘာမှ ပြောင်းလဲသွားတာမျိုး မရှိပါဘူး။ ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းလူပျိုစာရင်းဝင်ဆိုတဲ့အတိုင်း အကြည့်တချက်နဲ့တင် ကြွေသွားစေမယ့်ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားသူပါ။

4.Lee Joon Gi

Photo Credit form Google 
Photo Credit form Google 

ဒရာမာဇာတ်ကောင်တွေကို ပိုင်နိုင်ရုံတင်မကဘဲ အက်ရှင်ပိုင်းမှာပါ ပီပြင်တဲ့ မင်းသား လီဂျွန်ဂီကတော့ အသက် (၃၉) နှစ်ပြည့်ပြီးသွားပါပြီ။ ချစ်စရာအမူအရာလေးတွေပါ လုပ်တတ်တဲ့အပြင် အဆိုပိုင်းလဲတော်တာမို့ တကယ့်ကို ပြည့်စုံလွန်း သူကြီးပါ။ 

5.Lee Dong Wook

Photo Credit form Google 
Photo Credit form Google 

မိန်းကလေး ပရိသတ်တွေရဲ့ စံပြချစ်သူကောင်လေးပုံစံဖြစ်တဲ့ မင်းသား လီဒုံဝုခ်ကတော့ အိပ်မက်ထဲက မင်းသားလေးလို့ တင်စားရလောက်အောင် ပြီးပြည့်စုံလွန်းသူတစ်ယောက်ပါ။ လာမယ့် နိုဝင်ဘာလထဲမှာ အသက် (၄၀) ပြည့်တော့ပေမယ့်လဲ အသက်အရွယ်နဲ့မလိုက်အောင် နုပျိုပြည့်စုံလွန်းတဲ့ ရုပ်ရည်ကိုပိုင်ဆိုင်ထားသူတစ်ယောက်ပါ။

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T