ဒီကာလမှာ လူတော်တော်များများဟာ အလုပ်ကြောင့်ပဲ ဖြစ်ဖြစ် ၊ စားဝတ်နေရေးကြောင့်ပဲ ဖြစ်ဖြစ် အခြားသောအကြောင်းအရာတွေကြောင့်ပဲ ဖြစ်ဖြစ် စိတ်ဖိစီးမှုတွေကို ခံစားနေကြရပါတယ်။
စိတ်ဖိစီးမှုများလာရင် မလိုလားအပ်တဲ့ဝေဒနာတွေပါ ဖြစ်ပေါ်လာစေနိုင်တာကြောင့် အားလုံးကို ခဏမေ့ပြီး အနားယူလိုက်တာ အကောင်းဆုံးပါပဲ။
ဒီတစ်ခေါက်မှာဆိုရင်လည်း စိတ်ဖိစီးမှုများနေရာကနေ ဖြစ်ပေါ်တတ်တဲ့ လက္ခဏာလေးတွေကို ဖော်ပြပေးချင်ပါတယ်။
၁- အိပ်မပျော်ဖြစ်ချင်း
စိတ်ဖိစီးမှုနဲ့ ပူပန်သောကတွေက အိပ်ပျော်ဖို့အတွက် ခက်ခဲစေပါတယ်။ ဦးနှောက်ထဲမှာ အတွေးတွေနဲ့ ရှုပ်ထွေးလွန်းတဲ့အခါ စိတ်အေးလက်အေး အိပ်ပျော်ဖို့ ခက်ခဲလှပြီး အိပ်မပျော်တဲ့ဝေဒနာကို ခံစားရစေပါတယ်။
၂- ကြွက်သားတွေ တောင့်တင်းပြီး နာကျင်တတ်ခြင်း
စိတ်ဖိစီးမှုဟာ ခန္ဓာကိုယ်ရဲ့ ဟော်မုန်းတွေကို ပြောင်းလဲစေပြီး ကြွက်သားတွေနဲ့ အာရုံကြောတွေကို သက်ရောက်မှုဖြစ်တာကြောင့် တောင့်တင်းနာကျင်မှုကို ခံစားရပါတယ်။
ဒါ့ကြောင့်နေ့တိုင်းလိုလို အနှိပ်ခံချင်နေတာတွေ ဘာမှမလုပ်ရသေးဘဲနဲ့ကို ကြွက်သားတွေ တောင့်တင်းနာကျင်နေတာတွေ ဖြတ်တတ်ပါတယ်။
ဒါ့အပြင်စိတ်ဖိစီးမှုဟာ ကိုယ်ခံစွမ်းအားစနစ်ကိုလည်း အားနည်းစေတာကြောင့် အလွယ်တကူ ဖျားလွယ်စေပြီး အဖျားပျောက်ဖို့လည်း ကြာတတ်ပါတယ်။
၃- မောပန်းနုံးချိတယ်
တစ်နေ့ကို ၈ နာရီ လုံလုံလောက်လောက်အိပ်ခဲ့ပေမဲ့ အိပ်ရေးမဝသလို ခံစားနေရတယ်၊ မောပန်းနုံးချိနေတာမျိုးတွေကလည်း စိတ်ဖိစီးမှုများတာနဲ့ အများကြီးသက်ဆိုင်ပါတယ်။
ဘာကြောင့်လဲဆိုရင် လူက ကျန်းမာပေမယ့် စိတ်ကချူချာနေရင် အားမရှိသလို ၊ နုံးချိနေတာမျိုးတွေ ခံစားရတတ်ပါတယ်။
၄- ခဏခဏခေါင်းကိုက်တယ်
မကြာခဏဆိုသလို ခေါင်းကိုက်နေတာကိုပါ ခံစားနေရတယ်ဆိုရင်တော့ သင့်ရဲ့စိတ်ဖိစီးမှုက အတော်ဆိုးနေပါပြီ။ ခေါင်းကိုက်တာက နာရီဝက်လောက်လည်း ကြာတတ်သလို ရက်ဆက်ကိုက်တာလည်း ဖြစ်တတ်ပါတယ်။ နဖူးတစ်ဝိုက်မှာ ဖိအားသက်ရောက်မှု ခံစားနေရတာ၊ ဦးခေါင်းနောက်ပိုင်းက ကိုက်ခဲတာ စသဖြင့် ခံစားရတယ်ဆိုရင်တော့ သင်ဟာ အားလုံးကိုမေ့ပစ်ပြီး စိတ်အေးလက်အေးအနားယူဖို့ တကယ့်ကို လိုအပ်နေပါပီ........
သတင်း အရင်းအမြစ်៖ Healthline