ပါရမီဖြည့်ဖက်ဇနီးချောလေးနဲ့ ချစ်စရာသားသမီးတွေကြောင့် ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ အောင်လအန်ဆန်း

//s9.kh1.co/a8/a8c59c3663ef72cd0dc456da4eeb396a026b4ad0.jpeg
အားကစားသတင်းများ

 ၁၄-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ပါရမီဖြည့်ဖက်ဇနီးချောလေးနဲ့ ချစ်စရာသားသမီးတွေကြောင့် ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ အောင်လအန်ဆန်း

မြန်မာပရိသတ်တွေရဲ့ အားပေးမှုကိုအခိုင်အမာရရှိထားတဲ့ အောင်လအန်ဆန်းကတော့ လက်ဝှေ့အားကစားနယ်ပယ်မှာ ချန်ပီယံခါးပတ်တွေကိုလည်း ရရှိခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။အောင်လအန်ဆန်းကို (၁၉၈၅)ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်လို့ အခုဆိုရင် သူ့ရဲ့အသက်က (၃၆)နှစ်ရှိနေပြီဖြစ်ပါတယ်။(၃၆)နှစ်အရွယ်ဖြစ်ပေမယ့်လည်းအောင်လန်အန်ဆန်းရဲ့ ခွန်အားတွေကမကျသွားသေးဘဲ လေ့ကျင့်ခန်းကိုလည်းအပြင်းအထန်လုပ်ဆောင်တာကြောင့် မကြာသေးခင်ကမှယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ပွဲစဉ်တွင် လီယန်ဒရိုကို အနိုင်ရရှိထားတာဖြစ်ပါတယ်။

Photo Credit:Aung La NSang(Burmese Python) Fb Acc 

အောင်လအန်ဆန်းက (၂၀၀၂)ခုနှစ်အစောပိုင်းကတည်းက အမေရိကန်မှာအခြေချနေထိုင်ခဲ့တာဖြစ်ပါတယ်။အခုချိန်မှာဆိုရင်တော့ အောင်လအန်ဆန်းရဲ့ဘေးမှာ ပါရမီဖြည့်ဖက်ကောင်းပီသတဲ့ဇနီးနဲ့ ချစ်စရာသားသမီးလေးတွေရှိကြပါတယ်။သူတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ အိမ်ထောင်သက်တမ်းကတော့ (၈)နှစ်ရှိနေပြီလို့သိရပြီး ပျော်ရွှင်စရာမိသားစုလေးပဲဖြစ်ပါတယ်။အောင်လအန်ဆန်းက အားလပ်ရက်တွေမှာဆိုရင် ကလေးတွေကိုလည်းအချိန်ပေးပြီးဂရုစိုက်ပေးလေ့ရှိပါတယ်။

Photo Credit:Aung La NSang(Burmese Python) Fb Acc 
Photo Credit:Aung La NSang(Burmese Python) Fb Acc 
Photo Credit:Aung La NSang(Burmese Python) Fb Acc 
Photo Credit:Aung La NSang(Burmese Python) Fb Acc 
Photo Credit:Aung La NSang(Burmese Python) Fb Acc 
Photo Credit:Aung La NSang(Burmese Python) Fb Acc 

အောင်လအန်ဆန်းရဲ့ သားကြီးလေးနာမည်ကတော့ Aung De ဖြစ်ပြီး သမီးငယ်လေးနာမည်က Sam Seng ပဲဖြစ်ပါတယ်။ကလေးနှစ်ယောက်လုံးက အဖေတူလေးတွေဖြစ်ပြီး အရမ်းချစ်စရာကောင်းကြတာကြောင့် မြန်မာပရိသတ်တွေကသတိထားမိနေတာပဲဖြစ်ပါတယ်။အောင်လအန်ဆန်းကတော့ သူ့ရဲ့ကလေးတွေကို အခုအရွယ်ကတည်းကတခြားသူတွေကိုချစ်ခင်လေးစားတတ်အောင်သင်ပေးဖို့ကြိုးစား​နေတာပဲဖြစ်ပါတယ်။အောင်လအန်ဆန်းရဲ့မိသားစုဘဝလေးကတော့ တည်ငြိမ်အေးချမ်းပြီး သာယာကြည်နူးဖို့ကောင်းတာကြောင့် ပုံရိပ်လေးတွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Aung La NSang(Burmese Python) Fb Acc 
Photo Credit:Aung La NSang(Burmese Python) Fb Acc 
Photo Credit:Aung La NSang(Burmese Python) Fb Acc 
Photo Credit:Aung La NSang(Burmese Python) Fb Acc 
Photo Credit:Aung La NSang(Burmese Python) Fb Acc 
Photo Credit:Aung La NSang(Burmese Python) Fb Acc 

Source&Photo Credit:Aung La NSang(Burmese Python) Fb Acc 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T