Met Gala ပွဲကို အလန်းစားဖက်ရှင်တွေနဲ့တက်ရောက်လာတဲ့ ROSÉ

//s9.kh1.co/13/1370e1974f85b8bd9759bcfcd497cd4a35aec81a.jpg
အနုပညာရှင်များ

 ၁၄-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ဘယ်လိုအမိုက်စားဖက်ရှင်တွေနဲ့ ပွဲတက်လာလဲဆိုတာ သိချင်ရင်တော့.... (အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

ROSÉ ဟာ Kpop အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BLACKPINK ရဲ့ Member တစ်ဦးဖြစ်ပါတယ်။သူမဟာ Main Vocalist အဖြစ်တာဝန်ယူထားတာဖြစ်ပြီး သူမရဲ့ ထူးခြားတဲ့အသံကြောင့် ပရိတ်သတ်အားလုံးရဲ့ချစ်ခင်ခြင်းကိုအပြည့်အဝရရှိထားသူလည်းဖြစ်ပါတယ်။ဆွဲဆောင်မှုရှိတဲ့ ကကွက်ကဟန်တွေနဲ့ အသံရဲ့ ထူးခြားမှုကလည်း ROSÉ ဆိုတဲ့ သူမကို ပုံဖော်ထားတာပဲဖြစ်ပါတယ်။

Photo Credit From ROSÉ Myanmar
Photo Credit From ROSÉ Myanmar
Photo Credit From ROSÉ Myanmar
Photo Credit From ROSÉ Myanmar

သူမဟာ သိပ်မကြာသေးခင်က On The Ground နဲ့ Gone ဆိုတဲ့ MV နှစ်ပုဒ်ကို ထွက်ရှိထားပြီး ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ပိုလို့တောင် ရရှိလာသူလေးပါ။သီချင်း(၂)ပုဒ်လုံးဟာလည်း Youtube မှာတင်ပြီးပြီးချင်းကို Kpop Female Artist တွေထဲ Viewer အများဆုံး ရရှိခဲ့တဲ့အထိ အောင်မြင်ကျော်ကြားသူဖြစ်ပါတယ်။

Photo Credit From ROSÉ Myanmar
Photo Credit From ROSÉ Myanmar
Photo Credit From ROSÉ Myanmar
Photo Credit From ROSÉ Myanmar

ပုံမှန်ဆို Korean Female Idol တွေဟာ Met Gala ပွဲကို တက်ရောက်လေ့မရှိကြပေမယ့် 2NE1 မှ CL နဲ့ BLACKPINK မှ ROSÉ ဟာတော့ Met Gala ပွဲကို ပထမဆုံးအနေနဲ့တက်ရောက်လာကြတဲ့ Korean Female Idol တွေပဲဖြစ်ပါတယ်။ ROSÉ ဟာ YSL ရဲ့ (၅၉) နှစ်အတွင်း ပထမဆုံးသော Global Ambassador တစ်ဦး ဖြစ်ပြီး Met Gala ပွဲကို YSL ရဲ့ Fashion တွေနဲ့ အမိုက်စားပွဲတက်လာတာကိုတွေ့ရမှာပါ။ဒါ့အပြင် YSL ရဲ့ Creative Director နဲ့ တူတူ တက်ရောက်လာတာဖြစ်ပါတယ်။ဒါတင်မကပဲ Tiffany & Co. အတွက်လည်း Brand စတင်ချိန် 1837 ခုနှစ်မှစလို့ ယခုအချိန်ထိ Global Ambassador အနေနဲ့ ပထမဆုံးခန့်အပ်ခြင်းခံရတဲ့ Korean Female Celebrity လည်းဖြစ်ပါတယ်။ဒီပွဲမှာလည်း သူမ ဟာ Tiffany ရဲ့ လက်ဝတ်ရတနာတွေကိုလည်း YSL ရဲ့ Fashion နဲ့ အတူ တွဲဖက်ဝတ်ဆင်လာတာကိုတွေ့ရမှာပါ။ပုံလေးတွေကိုရှုစားကြည့်ကြပါဦးနော်။

Photo Credit From ROSÉ Myanmar
Photo Credit From ROSÉ Myanmar
Photo Credit From ROSÉ Myanmar
Photo Credit From ROSÉ Myanmar
Photo Credit From ROSÉ Myanmar
Photo Credit From ROSÉ Myanmar
Photo Credit From ROSÉ Myanmar
Photo Credit From ROSÉ Myanmar
Photo Credit From ROSÉ Myanmar
Photo Credit From ROSÉ Myanmar
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T