မနေ့က အမေစုရဲ့ကျန်းမာရေးသတင်းကိုကြားသိလိုက်ရတာကြောင့် နေကောင်းကျန်းမာနေဖို့အတွက် အမြဲဆုတောင်းပေးနေတဲ့ အဆိုတော် R ဇာနည်

//s9.kh1.co/de/dee22597a0d81f17ce64e4067a467245edd548d1.jpeg
အနုပညာရှင်များ

 ၁၄-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

မနေ့က အမေစုရဲ့ကျန်းမာရေးသတင်းကိုကြားသိလိုက်ရတာကြောင့် နေကောင်းကျန်းမာနေဖို့အတွက် အမြဲဆုတောင်းပေးနေတဲ့ အဆိုတော် R ဇာနည်

အဆိုတော် R ဇာနည် ကတော့ နွေဦးတော်လှန်ရေးမှာ တစ်ထောင့်တစ်နေရာကနေလှုပ်ရှားခဲ့တာဖြစ်လို့ အခုချိန်မှာသူ့ရဲ့လုံခြုံရေးကို ဂရုစိုက်နေရတာပဲဖြစ်ပါတယ်။မိသားစုအတွက်လည်း အန္တရာယ်ကင်းအောင်လို့ အခုချိန်မှာ R ဇာနည်က အဝေးတစ်နေရာကို ရောက်ရှိနေတာပဲဖြစ်ပါတယ်။R ဇာနည်က မိသားစုနဲ့ခွဲခွါပြီး တိမ်းရှောင်နေရပေမယ့် ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်ပြီး ပန်းတိုင်ဆီကို အတူတူလျှောက်လှမ်းနေတာဖြစ်ပါတယ်။

Photo Credit:Zarni Myonyunt’s Fb acc
Photo Credit:Zarni Myonyunt’s Fb acc
Photo Credit:Zarni Myonyunt’s Fb acc
Photo Credit:Zarni Myonyunt’s Fb acc

ဒါ့အပြင် လွတ်မြောက်နယ်မြေရောက်ရှိနေကြတဲ့ ပြည်သူတွေနဲ့ အနုပညာရှင်တွေကလည်း တတ်နိုင်တဲ့နေရာကနေကြိုးစားနေကြတာဖြစ်ပါတယ်။မနေ့ကဆိုရင် အမေစုရဲ့ရုံးချိန်းနေ့ဖြစ်ပြီး တရားရုံးသွားရင်း ခေါင်းမူးလို့ပြန်လှည့်လာခဲ့ရတဲ့သတင်းကို ပြည်သူတွေကြားသိခဲ့ရပါတယ်။ဒါ့ကြောင့် အမေစုရဲ့ကျန်းမာရေးအတွက် ပြည်သူတွေကစိုးရိမ်ပူပန်နေကြပြီး အမြန်နေကောင်းကျန်းမာဖို့အတွက် ဆုတောင်းပေးနေကြတာဖြစ်ပါတယ်။

Photo Credit:Zarni Myonyunt’s Fb acc
Photo Credit:Zarni Myonyunt’s Fb acc
Photo Credit:Zarni Myonyunt’s Fb acc
Photo Credit:Zarni Myonyunt’s Fb acc

R ဇာနည်ကလည်း အမေစုကို လေးစားချစ်ခင်သူတစ်ယောက်ဖြစ်တာကြောင့် နေ့တိုင်းလိုလို နေကောင်းကျန်းမာဖို့ဆုတောင်းပေးနေကျဖြစ်ပါတယ်။ပြည်သူတွေလည်း အခုချိန်မှာ အခက်အခဲ၊အတားအဆီးတွေနဲ့ကြုံတွေ့နေရပေမယ့် အမေစုကိုလည်း စိတ်ပူနေကြတာဖြစ်ပါတယ်။R ဇာနည်လိုပဲ တချို့ပြည်သူတွေက အမေစုရဲ့ကျန်းမာရေးအခြေအနေကောင်းမွန်ဖို့ ဘုရားရှိခိုးတိုင်းဆုတောင်းပေးနေကြကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Zarni Myonyunt’s Fb acc
Photo Credit:Zarni Myonyunt’s Fb acc
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit:Zarni Myonyunt’s Fb acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T