ဂျင်းကောင် ဆိုတဲ့ မြင့်မြတ်စကားလုံးက အရပ်ထဲပျံ့နှံ့ခဲ့တဲ့အထိ အောင်မြင်ခဲ့တဲ့ ဗိုလ်အောင်ဒင် ဇာတ်ကောင်း မြင့်မြတ်ကသူရိုက်ချင်တဲ့ ဇာတ်လမ်းအမျိုးအစားကို အခုလို ဆိုလိုက်ပါတယ်။လက်တလော ထွက်ရှိခဲ့တဲ့ “ဘုန်းကညာနှစ်ပါး -ရုပ်ရှင်ဇာတ်ကားကြီး”၊“ORIGINAL GANGSTER - 2” တို့မှာ ပရိသတ်တွေအားပေးကြမ်းခဲ့တဲ့ မြင့်မြတ်ကကိုယ်တိုင်ကတော့ ဘဝသရုပ်ဖော်ဇာတ်တွေကို ရိုက်ချင်တယ်လို့ ဆိုလိုက်တာပါ။

“ကြိုက်နှစ်သက်တာတော့ ဘဝသရုပ်ဖော်ဇာတ်တွေပေါ့နော်။ အဲ့ဒါတွေတော့ ရိုက်ချင်တယ်။ ကိုယ်လည်း အိုက်တင်လုပ်လို့ ကောင်းတယ်လို့ ကိုယ့်ကိုကိုယ်ထင်တာပေါ့နော်။ သရုပ်ဆောင်တစ်ယောက်အနေနဲ့တော့ မျှအောင်လုပ်ရမှာပါ။ အဲ့ဒါကြောင့် ကျွန်တော် ဇာတ်ကားတွေ အစုံရိုက်တာပါ။”လို့ မြင့်မြတ်က myanmar people magazine ကို ပြောပါတယ်။ 

ဒါ့အပြင် “ဗိုလ်အောင်ဒင် ချစ်သောမိန်းမများ” ဗီဒီယိုဇာတ်ကားထဲက ဂျင်းကောင်ကို ရုပ်ရှင်အဖြစ်နဲ့ ၂၀၁၈နှစ်စပိုင်းမှာ အသက်သွင်းသွားမှာဖြစ်ကြောင်း၊ လက်ရှိမှတော့ ဇာတ်လမ်းအပိုင်းကိုတော့ သေချာဝိုင်းပြီးတော့ စဉ်းစားထားကြောင်၊ပြင်ဆင်တာကတော့ အခုကတည်းက ပြင်ဆင်နေကြောင်း၊ ကျိန်းသေပေါက်တော့ရီရမှာဖြစ်တယ်လို့ မြင့်မြတ်ကဆိုပါတယ်။မကြာခင်မှာလည်း မြင့်မြတ်ပါ၀င်သရုပ်ဆောင်ထားတဲ့ “တော်တော်ဖြစ်နေလား” (ကျော်ရဲအောင် မြင့်မြတ် ညီထွဠ်ခေါင် ရွှေသမီး ခေးဆက်သွင်) နဲ့ “ရာဇဝင်ရိုင်းသူများ” (ပြေတီဦး မြင့်မြတ် လိုင်လာခမ်း ပတ်ထရစ်ရှာ)ဇာတ်ကားတွေ ရုံတင်သွားဖွယ်ရှိပါတယ်။မြင့်မြတ်ပရိသတ်ကြီးရေ..ဂျင်းကောင် ဇာတ်ကောင်ကိုအားပေးရင်…ဂျင်းကောင်အသံနဲ့ Comment လေးတွေမန့်ခဲ့နော်….

Aung

သတင်းအရင်းမြစ် Myanmar people magazine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။