ဆုနှစ်ဆုရရှိခဲ့တဲ့ခင်ပွန်းက ကျေးဇူးတင်စကားပြောချိန်မှာ သူမကိုပါအရမ်းချစ်တယ်လို့ပြောသွားတာကြောင့် စင်အောက်ကနေကြည်နူးနေခဲ့တဲ့ Justin ရဲ့ချစ်ဇနီး

//s9.kh1.co/5a/5a7a0d36316e7109077a38967890718ae6c75965.jpeg
အနုပညာရှင်များ

 ၁၄-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ဆုနှစ်ဆုရရှိခဲ့တဲ့ခင်ပွန်းက ကျေးဇူးတင်စကားပြောချိန်မှာ သူမကိုပါအရမ်းချစ်တယ်လို့ပြောသွားတာကြောင့် စင်အောက်ကနေကြည်နူးနေခဲ့တဲ့ Justin ရဲ့ချစ်ဇနီး

စက်တင်ဘာလ (၁၂)ရက်နေ့က နယူးယောက်မြို့မှာ ကျင်းပခဲ့တဲ့ "Video Music Awards 2021"ပွဲကြီးကတော့အောင်မြင်စွာနဲ့ ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။အဲ့ဒီပွဲကြီးကိုတက်ရောက်လာကြတဲ့ နာမည်ကြီးအနုပညာရှင်များစွာက ဆန်းသစ်တဲ့ ဒီဇိုင်းအပြင်အဆင်တွေနဲ့  Red carpet ပေါ်မှာ လျှောက်လှမ်းခဲ့ကြတာဖြစ်ပါတယ်။တစ်နှစ်မှတစ်ခါသာကျင်းပတဲ့ VMAs ပွဲကြီးကတော့ နာမည်ကြီး Rapper တွေ၊အဆိုတော်တွေ၊တေးရေးဆရာတွေများစွာနဲ့စည်ကားသိုက်မြိုက်ခဲ့ပါတယ်။

Photo Credit:Justin Bieber’s Fb acc
Photo Credit:Justin Bieber’s Fb acc
Photo Credit:Justin Bieber’s Fb acc
Photo Credit:Justin Bieber’s Fb acc

အဲ့ဒီပွဲကို Justin Bieber တို့ဇနီးမောင်နှံနှစ်ယောက်ကလည်း တက်ရောက်ခဲ့ကြပါတယ်။ Justin က Best Pop Video (Peaches)၊Cinematography (Holy)၊ Best Collaboration (Peaches)၊ Best Editing (Peaches) စတာတွေနဲ့ Nomination ဝင်ခဲ့တာဖြစ်ပါတယ်။ရရှိခဲ့တဲ့ဆုတွေကတော့ Artist Of The Year နဲ့  Best Pop Video (Peaches) တို့ပဲဖြစ်ပါတယ်။Justin ရဲ့အောင်မြင်မှုကြောင့် နိုင်ငံအသီးသီးမှာရှိကြတဲ့ပရိသတ်တွေကလည်း ထပ်တူဝမ်းသာခဲ့ကြပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Justin ကတော့ ဆုနှစ်ဆုရရှိခဲ့တာကြောင့် စင်ပေါ်တက်ပြီး ကျေးဇူးတင်စကားပြောခဲ့ရတာဖြစ်ပါတယ်။သူ့ရဲ့ကျေးဇူးတင်စကားထဲမှာ ချစ်ဇနီးချောလေးကိုပါ သတိတရနဲ့ အရမ်းချစ်တယ်လို့ပြောသွားတာကြောင့် Hailey ကလည်း စင်အောက်ကနေကြည်နူးပီတိဖြာနေခဲ့တာကို ဗီဒီယိုထဲမှာတွေ့မြင်ရပါတယ်။Justin ရဲ့ကြိုးစားမှုတွေကအရာထင်ပြီး အခုလိုဆုတွေရရှိခဲ့တာဖြစ်လို့ ပရိသတ်တွေကလည်း အရမ်းပျော်ရွှင်ခဲ့ရကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Photo Credit:Justin Bieber’s Fb acc

Source&Video Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T