အရင်လိုအတူမရှိနိုင်တော့တာကြောင့် အဝေးကနေပဲ ကျော်ထက်အောင်အတွက် မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ဖြူဖြူကျော်သိန်း

//s9.kh1.co/78/7888df2456ba19458e3211034bb8796aa6f9d6b1.png
အနုပညာရှင်များ

 ၁၄-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

..

ဒီနေ့ဟာ သရုပ်ဆောင်ကျော်ထက်အောင်ရဲ့ အသက် (၃၆) နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ်။ အမြဲလိုလိုအတူတူရှိပြီး သူငယ်ချင်းကောင်းဖြစ်ခဲ့တဲ့ ဖြူဖြူကျော်သိန်းဟာ ကိုယ်တိုင်တောင် ဘေးလွတ်ရာကိုရှောင်တိမ်းနေရပေမယ့် ကျော်ထက်အောင်ရဲ့မွေးနေ့ကိုတော့ မမေ့မလျော့နဲ့ ဆုတောင်းပေးခဲ့ပါတယ်။ အရင်နှစ်တွေက ကိုယ်တိုင်ကိတ်မုန့်ဖုတ်ပြီး ပို့ပေးခဲ့ပေမယ့် လက်ရှိမှာတော့ အဝေးရောက်နေခဲ့တာမို့ မွေးနေ့ဆုတောင်းလေးပဲပို့နိုင်ခဲ့တယ်လို့ဆိုပါတယ်။

Photo Credit - Phyu Phyu Kyaw Thein's IG acc
Photo Credit - Phyu Phyu Kyaw Thein's IG acc
Photo Credit - Phyu Phyu Kyaw Thein's IG acc
Photo Credit - Phyu Phyu Kyaw Thein's IG acc

နှစ်ယောက်သားအတွဲညီညီနဲ့ ဖြူဖြူ့ရဲ့သီချင်း MTV တွေမှာ သရုပ်ဆောင်ခဲ့တာကြောင့် ပရိသတ်တွေက ချစ်သူတွေလို့ထင်မြင်ပြီး သဘောတူကြောင်းမှတ်ချက်တွေ ဝိုင်းဝန်းပေးခဲ့ကြပါ သေးတယ်။ ဖြူဖြူနဲ့ ကျော်ထက်အောင်ကတော့ မိတ်ဆွေကောင်းတွေအဖြစ် ယနေ့ထက်တိုင် ရှိနေခဲ့ပါတယ်။ ကျော်ထက်အောင်ရဲ့ အသက် (၃၆) နှစ်ပြည့်မွေးနေ့မှာ မွေးနေ့ဆုတောင်းလေးနဲ့အတူ နှစ်ယောက်သားရဲ့ ပျော်စရာအမှတ်တရပုံရိပ်တွေကိုလည်း ဝေမျှခဲ့ပါသေးတယ်။

Photo Credit - Phyu Phyu Kyaw Thein's IG acc
Photo Credit - Phyu Phyu Kyaw Thein's IG acc
Photo Credit - Phyu Phyu Kyaw Thein's IG acc
Photo Credit - Phyu Phyu Kyaw Thein's IG acc

ပရိသတ်တွေကိုရသပေါင်းစုံ ဖျော်ဖြေမှုပေါင်းစုံပေးခဲ့တဲ့ ကျော်ထက်အောင်မွေးနေ့မှာ ချစ်ခင်ရသူတွေ အပြင် ပရိသတ်တွေကပါ ဝိုင်းပြီးမွေးနေ့ဆုတောင်းပေးခဲ့ကြပါတယ်။ ချစ်ခင်ရသူတွေရဲ့ မွေးနေ့ဆုတောင်းကြောင့် မွေးနေ့ရှင်လည်း အရမ်းကိုပျော်နေခဲ့မှာပါ။ အရင်လိုပျော်စရာတွေ အများကြီးမရှိမေယ့် ဒီမွေးနေ့လေးက တကယ်ကိုအမှတ်တရဖြစ်နေမှာပါ။

Photo Credit - Phyu Phyu Kyaw Thein's IG acc
Photo Credit - Phyu Phyu Kyaw Thein's IG acc
Photo Credit - Phyu Phyu Kyaw Thein's IG acc
Photo Credit - Phyu Phyu Kyaw Thein's IG acc

သတင်း အရင်းအမြစ်Phyu Phyu Kyaw Thein's IG acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T